အပိုင်း(၃၀): ပိစိ

17.3K 1.2K 224
                                    

{Zawgyi🍀}

တကယ်တော့ ချစ်ခြင်းတရားဆိုတဲ့
အဓိပ္ပာယ်က ခင်ဗျားလေးဆီမှာ
ထာဝရတည်လို့...။
မောင်ကလေ...
မိုးပြိုရင်တောင် ခင်ဗျားလေးဆိုတဲ့
မောင့်ရဲ့ အရာရာ ယိုင်နဲ့မသွားဖို့ ......။
ခင်ဗျားလေးကိုလေ မောင် အရမ်းချစ်တာပဲ......။

'မရဘူးနော်... ခင်ဗျားမောင့်ထက် ပိစိကောင်ကို ပိုပြီးချစ်လို့မရဘူး..."

******

ကဆုန်~ တန်ဆောင်မုန်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကဆုန်~ တန်ဆောင်မုန်း...

ပိစိကောင် နှစ်နှစ် ခုနှစ်လပြည့်သည့်နေ့ပင်...။

ကျွန်တော်ကတော့ သားငယ်လေးကို စက်ဘီးလေးနဲ့ပင် ရှေ့မှ ပိုက်၍တင်ပြီး နောက်မှာတော့ အဝတ်စ ပါးပါးလေးဖြင့် သိမ်းထုတ်ထားသော ထမင်းထုပ်ကို သားရေကြိုးနှင့် စည်းနှောင်းထားသည်...။ ရင်ခွင်ထဲက သားငယ်ကိုတော့ နေမပူစေရန် ၊ လေစိမ်းမတိုးစေရန် အသေအချာ ကာကွယ်ထားရသည်...။ သားငယ်လေးသည် ကျွန်တော်နဲ့ မျက်လုံး၊ နူတ်ခမ်းပုံတို့က လွဲ၍ ကျန်တာ အားလုံး သူ့အဖေနဲ့ ချွတ်စွပ်ပင် ...။

သူ့အဖေလို မျက်ခုံးမွှေးပုံစံနဲ့ မျက်နှာပေါက်ကို ပိုင်ဆိုင်ထားသည် ။ အကျင့်ကတော့ သူ့အဖေနဲ့ တစ်ပုံစံတည်းပင်...။ တစ်ခါတစ်လေ နို့ဗူအချိန်လွန်သွားတာမျိုး၊ ဖြည့်စွက်အစာ နောက်ကျတာမျိုးဆို အောင်မယ် ဒီကောင်က ဂျစ်ပြီး ကောက်တတ်သေးတာ...။ အခုလဲ နေပူလို့ ထင်သည်။ ကျွန်တော့်ရင်ခွင်ထဲ ဇွတ်အတင်း တိုးဝင်နေသည်...။

"ခဏ... ခဏလေးနော်... ပါးပါးတို့ ရောက်တော့မှာ... ဟိုကျရင် ဖေကြီးက မင်းကို မုန့်တွေ အများကြီး ကျွေးမှာနော်... သားငယ်က လိမ္မာတယ်..."

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now