အပိုင်း (၁) : မသိခဲ့လေခြင်း

47K 2.7K 110
                                    

Zawgyi

မသိခဲ့လေခြင်း...

ခင်ဗျားဆိုတာ...
ကျွန်တော့်ရင်ခွင်ထဲ
ထာဝစဉ်သိမ်းဆည်းထားတဲ့
အရုပ်လေးမို့..
ကျွန်တော် တစ်ခါတစ်လေ
ခင်ဗျား ထွက်ပြေးချင်အောင် လုပ်ခဲ့မိရင်...။
တောင်းပန်ပါတယ်..
ကျွန်တော့် သဝန်တိုစိတ်က
အစိုးမရတတ်လို့...။

****

တကယ်တော့ ဇာတ်လမ်းတစ်ခုရဲ့ ဇာတ်သိမ်းဆိုတာ နောက်ဇာတ်လမ်းတစ်ပုဒ်အတွက် အစဖြစ်နိုင်တယ် မဟုတ်လား?

လအနည်းငယ် ကြာသော်...။

At 6:59 AM....

"ကိုကြီး ရောင်ဖြာ... ကိုကြီးရောင်ဖြာ..."

အိမ်ရှေ့တံခါးဝမှ အသံကျယ်နဲ့ပင် လက်ကလဲ နွယ်လိုလို အပင်တစ်ချို့ကိုင်ပြီး အိမ်ထဲသို့ ဝင်လာသော အိပုံ့ပုံစံကို ကျွန်တော်က သေချာမြင်ရသည်..။ သူ့နူတ်ဖျားမှ ကိုကြီး ရောင်ဖြာ ဟူသော ခေါ်သံလွင်လွင်နဲ့အတူ တုံ့ဖြေသံမကြားရလေတော့ အိမ်လှေကားထစ်မှာကို အိမ်ပေါ်ကို လှမ်းကြည့်လိုက်၊ တစ်ခြား နေရာတွေ လိုက်ကြည့်နဲ့ပင်...။

ရောင်ဖြာတို့အိမ်က ပျဉ်ထောင်ပျဉ်ခင်း အိမ်ကြီး ရခိုင်ဆိုတာထက် ပိုသည်..။ နောက်ပြီး လှေကားအဆင်းအတက်ကလဲ အုပ်ခုံပဲမို့ အတော်လေး ခိုင်ခံ့သည်...။ ထို့နောက် သူ့ဝါသနာအရ ပေါက်ကရ တန်ဆာများနှင့် အိမ်ကြီးက နည်းနည်းတော့ ရှုပ်ပေမယ့် ကြည့်ကောင်းနေသည်တော့ လုံးဝလိမ်လည်လို့မရ..။

"အော်.. ကိုကြီး ရောင်ဖြာက မရှိဘူးနဲ့ တူတယ်....။ ဒီမှာ သူ့အတွက် မြင်းခွာရွက် ၊ သူစားချင်တယ်ဆိုလို့ လာပေးရသေးတယ်..။ အကိုလေးတစ်ယောက်ရှိပါတယ် ။ စိတ်က ဆရာလေးကလွှဲ ဘယ်သူမှ အစိုးမရဘူး... ။"

မိပုံ့ကတော့ ပါးစပ်က ပွစိပွစိနဲ့ပင် အခုထိ သူ့အစ်ကို့ကို နေရာအနှံ့လိုက်ရှာနေသည်..။ မိပုံ့..၊ ဒီကလေးမလေး တစ်နည်းအားဖြင့် ကျွန်တော့်တို့နှစ်ယောက်ရဲ့ မြတ်နိုးမှုတွေကို ပြန်လည်ချည်နှောင်ပေးခဲ့သော ကောင်မလေး..။ နောက်ထပ် ရည်းစားဆိုတာလဲမရှိ ၊ တစ်ကိုယ်တည်းနဲ့ အပျိုကြီး လုပ်မယ့်ပုံပါပဲ...။ တစ်ခါတစ်လေ သူ့အစ်ကိုက သူ့ကို မခံချင်အောင် စကားနိုင်လုစားတိုင်း ကျွန်တော်ဆိုသည်မှာ မိပုံ့ပါးစပ်ထဲ ရစရာ မရှိခဲ့...။ ဘာတဲ့ ?..တစ်ခုမှတ်မိသေးသည်..။ 'ကိုကြီး ရောင်ဖြာ... အစ်ကိုဘာလို့ ဆရာလေးလိုလို နူးနူးညံ့ညံ့လေးကို ရခဲ့တာလဲနော်...' တဲ့။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now