{Unicode🌾}အပိုင်း (၃၇)
မောင်သာလျှင်-၂
...မောင်ပြောတဲ့ ဟာသတွေထဲ
ကျွန်တော် အရယ်ရဆုံးက
ပိစိက ကျွန်တော်နဲ့ တူလို့ ဆိုးတာပါတဲ့...
ဟုတ်လို့လား?
မောင်ရယ်....။ကျွန်တော်တို့ နေ့လည်အထိ စပါးပွဲစားတွေကို စောင့်နေမိသည်...။ သူတို့ကလဲ နောက်မှ လမ်းမှာ ကားပျက်သွားလို့ မရောက်လာနိုင်ကြောင်း ဖုန်းဆက်ပြောတော့ ကျွန်တော်တို့လဲ ဒီည ဒီမှာ တစ်ည အိပ်ရမည် ထင်သည်...။ အခုတစ်ခုတော့ ကိုရောင်ဖြာတို့ နှစ်ပါးသွားရမည့်အစား အခြေအနေကတော့ မဲဇာတောင်ခြေ မောင်တစ်ယောက်တည်းလေ ဆိုသော လက်ဝဲသုန္ဒရ အမတ်ကြီး စကားလို....။
ပိစိကတော့ ဒီတစ်ည သူ့ပါးပါးကို ကျွန်တော်နဲ့ အိပ်ခိုင်းမှာ မဟုတ်တော့...။ ဟုတ်တော့လည်း ဟုတ်သည်...။ ဦးသဝဏ်လွှာက တစ်ညပဲ ရှိသေး... အဖျားငွေ့ငွေ့နဲ့ အညိုအမဲတွေလည်း စွဲနေတာကိုး.....။ အခုလည်း ပိစိကောင် မျက်နှာသာ ပေးရေးအတွက် အသည်းအသန် ကျွန်တော် ကြိုးစားနေရသည်...။
ကျွန်တော်တို့ လယ်သိမ်းချိိန်ဆို ချောင်းမြောင်းတွေထဲ ရေက မရှိ၊ ထိုအချိန်မျိုးဆိုလျှင် ကျွန်တော်တို့ အမြဲတမ်း ငါးဖမ်းသည့် အချိန်ပင်....။ ပုဆိုးကို တိုတိုခါးကြား လိပ်ထားလိုက်ပြီး အောက်ကတော့ အားကစားဘောင်းဘီ အနွမ်းနဲ့ပင်...။
"ကဲ ပိစိ အဆင်သင့်ဖြစ်ပြီလား? ဖေကြီးက ငါးအများကြီး ရရင် ဒီညလည်း ပါးပါးကို ဖေကြီးနဲ့ ထားခဲ့ရမယ်...."
"စိန်လိုက်လေ ဖေကြီးရ... သားကလည်း ပါးပါးကို ဖေကြီး နောက်ထပ် ရိုက်လို့ မရအောင် လုပ်မှာပေါ့..."
သားငယ်ကတော့ အောက်က ပေါင်လယ်လောက်ထိ ချည်ဘောင်းဘီ အကွက်တိုလေးနဲ့ အပေါ်ထည် အင်္ကျီကို ချွတ်ထားသည်...။ သေးငယ်လှသော ဗလအိုးများက ရယ်ချင်စရာပင်...။ နံရိုးပြိုင်းပြိုင်း၊ အရပ်ရှည်ရှည် ၊ ထော်လိပ်လိပ်နဲ့ပင် သူ့အဖေ လူပျိုတုန်းကနဲ့ တစ်ပုံစံတည်းပင်....။ သို့သော် ရောင်ဖြာကတော့ သားငယ်လေးထက် အသားအရည်က ပိုဝါပြီး ဖွေးသည့်ဘက် ရောက်သည်.....။
YOU ARE READING
ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2
Randomကျွန်တော်က ခင်ဗျားကို ချစ်ဖို့ မွေးဖွားလာတဲ့ ဂျစ်ကန်ကန်ကောင်လေး..။ ခင်ဗျားကို မုန်းဖို့ဆိုတာ ကျွန်တော်အတွက် ဘယ်တော့မှ ဖြစ်တည်မလာတဲ့ စကားလုံးတစ်ခု...။