{Unicode}
ပြယ်...
မိုးတစ်နေ့...
...မိုးရေ တက်ရေ...
တဖွေးဖွေး...ကွင်းလယ် အဝေးဝေး...
လယ်စောင့်တဲလေး... ခြေတံရှည်...
မိုးရိပ်အောက်မှာတည်....။ကြာနီတစ်ပွင့်၊ဖြူတစ်ပွင့်
တဲနှင့်ပနံသင့်...။"မောင်ရယ်...နေမကောင်းဖြစ်နေမယ်...မိုးကျနေတာကို တဲပေါ်မတက်ဘူးလား?"
ဟုတ်သည်လေ။
ကျွန်တော်တို့ တဲဘေးနား သရက်ပင်အောက်မှာ မောင်က မြေနီကျင်းလေးထဲမှာ မီးခိုးငွေ့တလှိုင်လှိုင်ဖြင့် ဟင်းချက်နေသည်။
ကျွန်တော်က မောင့်ဘေးနားထိုင်ပြီး မောင့်ကို ပြောလိုက်လေတော့ မောင်က ကျွန်တော့်ကို ပြုံးပြီး ကြည့်လာသည်။"ခင်ဗျားက မောင့်ကို စိတ်ပူလို့လား?"
"အင်း... စိတ်ပူတာပေါ့...။"
"ဘာလို့ စိတ်ပူတာလဲ?"
မောင်က သိပြီးသားအဖြေတစ်ခုအတွက် အပြုံးဖြင့် မေးလေတော့....။
"ဂျစ်ကန်လေးမိုလို့ပေါ့။"
"အဲ့ဒီဂျစ်ကန်လေးက ဘယ်သူလဲ?"
မောင်က ညစ်ပြီး မေးလေတော့....
"ဒီဆရာရဲ့ အမျိုးသားလေး မိုလို့ပေါ့..."
ထိုအချိန်မှာတော့ မောင်က သဘောတော်ခွေ့ပြီး သူ့ဘေးနားမှာ ထိုင်နေတဲ့ ကျွန်တော့်ကို ဆွဲယူကာ သူ့ပေါင်ပေါ်သို့ ထိုင်စေသည်။ ထို့နောက် ကျွန်တော့်ကို ပြုံးပြီး ကြည့်ကာ မောင့်လက်တွေက ကျွန်တော့်ခါးမှာ တင်းကြပ်စွာ ပွေ့သိမ်းထားသည်။
"ဦးသ၀ဏ်လွှာ..."
"ဟင်?"
"... မောင်က ချစ်စရာလေး မလား?"
"အင်း... မောင်က ချစ်စရာလေး... အဲ့ဒါထက် ဆွဲဆောင်မှု ရှိတယ်..."
"အဟင်း...
ဟုတ်လား? ပြောပါဦးဗျာ... မောင့်ရဲ့ ဘယ်အချက်တွေကို ခင်ဗျား စိတ်၀င်စားသွားတာလဲ? ဦးသ၀ဏ်လွှာ ကြွေတဲ့ အချက်တွေဆို... မောင် ခဏ ခဏ လုပ်မလို့....။"မောင်က ပြုံးပြီး မေးလေတော့ မောင့်မျက်ခုံးမွှေး ထူထူ၊ နှာတံစင်းစင်းလေးတွေကို တစ်ချက်မျှ တို့ထိ နမ်းလိုက်ပြီး....။
YOU ARE READING
ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2
Randomကျွန်တော်က ခင်ဗျားကို ချစ်ဖို့ မွေးဖွားလာတဲ့ ဂျစ်ကန်ကန်ကောင်လေး..။ ခင်ဗျားကို မုန်းဖို့ဆိုတာ ကျွန်တော်အတွက် ဘယ်တော့မှ ဖြစ်တည်မလာတဲ့ စကားလုံးတစ်ခု...။