အပိုင်း (၁၆) : ရင်သွေးငယ်

19.8K 1.7K 91
                                    

... ဒီလိုပါပဲ
ကျွန်တော်ဆိုတာ သူနဲ့ပတ်သတ်တဲ့အရာအားလုံး
သဘောကျတာပါပဲ...
ခင်ဗျားလေးဆိုတဲ့ ဖြစ်တည်မှုနဲ့တင်
ကျွန်တော့် အိမ်ထောင်ဘက် အဖြစ် လုံလောက်နေပြီမို့......။

****

တန်ဆောင်မုန်းလ...

{Zawgyi☘}

တဖြည်းဖြည်းနဲ့ ဒီရွာလေးမှာ ကျွန်တော် နေသားကျလာပြီ။ တစ်နယ်လုံးလိုလို ကျွန်တော့်ကိုဆို ဆရာလေး သဝဏ်လွှာလို လှိုက်လှဲစွာ ဖိတ်ခေါ်မှု ပြုသည်။ သို့သော် တစ်ခုတည်းသော ယှဉ်မရသည့် အားနည်းချက်ကတော့ သူကတော့ ကျွန်တော် အချစ်မြတ်နိုးရဆုံး ယောကျာ်းတစ်ယောက်၏ ဘေးမှာ ချစ်ခြင်းအပြည့်နဲ့ပင် ငြိမ်းအေးလွန်းရသည်...။

"ဥပုတ်သီတင်း စောင့်လို့ ... ရွာလယ်မှာ ဓမ္မာရုံ... ပျို့လေးတို့ အိမ်နား စံပယ်ဖူးက တစ်ရုံ နှစ်ရုံ..."

အိုးစည်းသံ လင်းကွင်းသံ ဝါးလက်ခုပ်တစ်ချို့နဲ့ ရပ်ရွာတီးဝိုင်းလေး၏ သံချပ်များအောက် အလှူဒကာ အလှူဒကာမတို့၏ အပြုံးတစ်ချို့...။

ကထိန်ခင်းရသော အကျိုး...။ များစွာသော ကုသိုလ်တရားတို့၏ အလယ်၌ ကျွန်တော့်၏ ဂျစ်ကန်မှာတော့ ဆရာလေးနား ပျော်တပြုံးပြုံးနဲ့ပင်...။ ကာလသားခေါင်း... ရာအိမ်ခေါင်း... နောက်ပြီး ဥက္ကဌဖြစ်ဖို့ လျာထားခြင်းခံရသည်မို့...။ သူ့အနားမှာ အခြွေအရံသင်းပင်းတို့က ရံလျက်။ ဆင်းရဲသည် ချမ်းသားသည်မရှိ အဟုတ်တိုင်းပဲ နေခဲ့သည်မို့ လူမှန်ဖြစ်ခဲ့သည်မို့... တစ်နယ်လုံး သူ့ကို ကြောက်ကြ... ရှိန်ကြရသည်...။

တကယ်တော့ ဒီအမျိုးသားဆိုတာ အားလုံးက ချစ်ကြသော ယောကျာ်းတစ်ယောက်... ပြောပေါက်ဆိုးဆိုးနဲ့ ဗြောင်တင်းတင်း ပြောသည်။ မကြိုက်လျှင် မကြိုက် ပြောဖို့အတွက် မတွန့်ဆုတ်ခဲ့...။ လူမှန် လူဖြောင့်မို့ ရှိန်လဲ ရှိန်ကြသည်။ ကြောက်လဲ ကြောက်ကြသေးသည်။ ရုပ်တည်ကြီးနဲ့ ဟာသပြောတတ်တာကတော့ သူ၏ ပါရမီ တစ်ရပ်။ သူ မကြာခဏ ရုပ်တည်ကြီးနဲ့ နောက်လိုက်သော ဟာသများအကြားကျွန်တော့်မှာ ရီရခက် ငိုရခက်နဲ့ပင်...။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now