အပိုင်း (၅): ချဉ်းကပ်ခြင်း

18.1K 1.7K 153
                                    

*** Please ကျေးဇူးပြုပြီး ကျွန်တော်နဲ့ ဝေးဝေးနေပါ။
ကျွန်တော့်ရဲ့ ဆရာလေးက
သဝန်မတိုပေမယ့် တစ်ခုခုဆို
Psychoတွေ ဝင်တတ်လွန်းလို့...။

*****

"မလွန်ဆန်နိုင်... နှလုံးသားထဲ... ရစ်နှောင်ဖွဲ့.. ချစ်တော့လဲ...ချစ်တတ်ပဲ.. အတွေးခက်တဲ့ သံယောဇဉ်..

"တစ်ခြားလူတွေ... ဖျက်လို့တော့ နောက်မဆုတ်ဘူး... စမိတဲ့ အချိန်တွေကို... ဖျက်သိမ်းဖို့ မတောင်းဆိုနဲ့.. ငါဘယ်သူမှ ဂရုမစိုက်နိုင်...."

"ဆရာလေး... ဆရာလေး သဝဏ်လွှာ.."

"ဟုတ်ကဲ့... ဆရာလေး ရေချိုးနေလို့ အိမ်ထဲ ဝင်ခဲ့လေ.ဗျာ... သြော် ဟုတ်.. ဆရာ သူ့ထက်မြတ်ပဲ.. လာပါဆရာ..."

ထင်ထားသလို ဆရာလေးသဝဏ်လွှာရဲ့အသံမဟုတ်ဘဲ အခြားတစ်ယောက် အသံ၊ အတိအကျပြောရရင် ကျွန်တော် သဘောကျလွန်းသော သူ၏အသံ။ ကြည်လင်ပြတ်သားလွန်းသည်။ အသံကို ကြားလိုက်တာနဲ့ သူ၏ ပြတ်သားမှုတစ်ချို့က အထင်းသားပေါ်သည်။

ဒူးအောက် ပုဆိုးအကွက်က မှိုင်းထနေတာ လက်သုတ်ဝတ်အလား? အပေါ်ပိုင်းအင်္ကျီကတော့ သိတယ်မလား? သူက မြေသြဇာ၊ ပတ်ဆေး ဖျန်းဆေးတစ်ချို့အတွက် ပင်တိုင်စံပြ မင်းသား။ အခုလဲ တော့လဲ ရွှေနဂါးတံဆိပ်နဲ့ စွပ်ကျယ်အင်္ကျီက ဖရိုဖရဲ။ ပုဆိုးက ဒူးအထက်ကနေ စပြီး ရေက စိုစိုစွဲစွဲ ၊ နောက်ပြီး ဝမ်းဗိုက်တစ်ချို့ ၊ ရင်ဘတ်တစ်ချို့ နေရာမှာ ရေက နစ်နေအောင် စိုနေသည်မို့ ယောကျာ်းချင်း မကြွေချင်သော အရာများက ကျွန်တော့်မြင်လွှာကို ပိတ်ပင်မရခဲ့။ တကယ်ကို ဒီကလေးက လိုချင်စရာလေး.....။

"ဆရာ သူ့ထက်မြတ် ထိုင်လေ.... ကျွန်တော် ဆရာလေးကို ပြောထားလိုက်မယ်... ခဏထိုင်အုံးနော်..။ ကျွန်တော်က အဝတ်တွေ ရှိနေလို့...."

"ဟင်?? အဝတ်တွေ မင်းလျှော်တာလား?"

"အမြဲတမ်းတော့ မဟုတ်ပါဘူး.. ဒီနေ့ ဆရာလေး နေမကောင်းလို့ ကျန်တဲ့နေ့က သူပဲ လျှော်ပေးတာ... ခဏလေးပဲ စောင့်ပါ သူတက်သွားတာ ကြာပါပြီ...။ ခင်ဗျားလေး.. ဗျို့ ခင်ဗျားလေး.. ဧည့်သည်ရောက်နေတယ်ကွာ.. မောင့်ကို ရှက်ရင် ညမှ ရှက်...။"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now