အပိုင်း (၆): အကယ်၍

17.8K 1.7K 119
                                    

အချစ်ဆိုတာ....
နှစ်ယောက်အတူသာ ရင်ဘတ်ခြင်း တူနေမယ်ဆိုရင်
တအုံနွေးနွေးပဲ ရှိပါလိမ့်မယ်..။
စိတ်မပူပါနဲ့ကွာ....
မောင်က ခင်ဗျားကို ရူးလောက်အောင်ကို ချစ်တာ...။

*****

{Zawgyi🍀🍀🍀}

At 7:09 AM....

"ရောင်ဖြာ လာခဲ့... ရေချိုးတါ ​တေါ်တေါ့လေကွါ... ဆံပင်ကို သုတ်ပြီး..ခေါင်းဖြီးရအောင်.. အမြဲတမ်း စုတ်ဖွာနေတာပဲ။ တကယ်ပါပဲ.. သပ်သပ်ရပ်ရပ်နေပါ. ရောင်ဖြာရယ်..."

မနက်အစောကြီး လယ်ထဲ ဆေးပက်သွားပြီး ပြန်လာတော့ မနက် ၆နာရီ ကျော်လောက်ကတည်းက ချိုးလိုက်တဲ့ရေ...။ ခုနစ်နှစ် ခုနစ်လက ချေးများ ချွတ်နေတာလား ထင်ဖွယ်ရာ ရှိသည်။ အတော်လေး ကြာသည့်အထိ မပြီးသေး...။ ဘာတွေ ဒီလောက်တောင် ဒီကလေးက သန့်ပြန့်နေတာလဲ? မသင်္ကာ နောက်တစ်ယောက်? တော်ပါပြီလေ ဒီကလေးက အဲ့လိုတော့လည်း မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီနေ့ အတော်လေးကို ဆိုးဆိုးဝါဝါးပင်။

ဒီလောက် အေးချမ်းလာသည့် ဝါဆိုမိုးထဲ သူဆိုသည်မှာ ကျောက်စည်ထဲက ရေကို အားရပါးရ ချိုးနေသည်။ ဒီကလေး လေဖြန်းသွားရင်တော့ ဒုက္ခပဲ ဟူ၍ ကျွန်တော် ခေါ်မှပဲ မတက်ချင် တက်ချင်နဲ့ အဝတ်လဲပြီး အိမ်ပေါ်သို့ တက်လာသည်။ အပေါ်ရောက်တော့ မောင်မင်းကြီးသားက နူတ်ခမ်းတွေတောင် ပြာထွက်နေသည်...။ သူ့ထံမှ ချမ်းအေးမှုကြောင့် မေးဖျားရိုက်သံတွေက တခွပ်ခွပ်....။

"ကဲ... ချမ်းတယ် မလား? ဘာလို့ ရေကို အတင်းချိုးနေတာလဲ? ဖျားချင်လို့လား?"

(N- ဖျားသည်- နေမကောင်းသည်။)

"အာ.. မချိုးလို့လဲ မရဘူး.... မောင်က ခင်ဗျားကို ပွတ်သပ်နေတာ... တော်ကြာ မောင့်ဆီက ဆေးတွေကြောင့် မောင်အဆိပ်မဖြစ်ပဲ ခင်ဗျား အဆိပ်ဖြစ်သွားရင်ဖြင့်.....။"

"အဲ့ဒီတော့ ဘာဖြစ်လဲ? လူဆိုတာ သေမျိုးချည်းပဲလေ...."

ထိုစကားကို ကျွန်တော် ပြောလိုက်ရင်ပဲ ချက်ချင်း ပြောင်းလဲသွားသော သူ့အမူအရာက ခံစားချက်တို့က ဘာဖြစ်နေလဲ မခန့်မှန်းနိုင်တော့သည့်အထိ ရောပြွန်းလွန်းနေသည်။ ကျွန်တော့်ပါးစပ်သို့ ရေစိုနေသော သူ့ပခုံဖြင့် လာဖိကပ်သည်။ ထို့နောက် သူ့ထံမှ စကားတစ်ခွန်း.....။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now