အပိုင်း (၁၇) : ပီတိ

19K 1.7K 99
                                    

ရင်သွေးငယ်... အပိုင်း ၂

** သြော် ... ကျွန်တော့်မှာ ဆရာလေး
တစ်ယောက်ကိုတောင်
ချစ်လို့မဝသေးဘူးလေ...
ဂျစ်ကန် ပိစိက ဆရာလေးဗိုက်ထဲမှာတဲ့လား???

~~~~

{Zawgyi☘}

At 6:54 AM...

"သွားဗျာ... တဲပေါ်သွားနေ... လူအနားလေးကပ်ပြီး တအိအိနဲ့... အပင်ပန်းမခံနိုင်တာကို... အခုဆို ၃လတဲ့... အခု တန်ဆောင်းမုန်းလ... ကဆုန်ဆို မွေးပြီပေါ့နော..."

"ဘာဖြစ်လို့လဲ? မောင်က ငါ့ကို အဲ့တော့ ရိုက်ဦးမှာလား??"

အနှံထွက်စ ဖြစ်နေပြီ ဖြစ်သော စပါးခင်းတစ်ချို့ကတော့ မြေသြဇာဆေးတစ်ချို့ကြောင့် အတော်လေး သန်စွမ်းပြီး မဲနက်နေသည်။ မဲနက်နေသော အစိမ်းရော အပင်များအကြား အနှံထွက်စတို့ အဝါနုနှင့် အစိမ်းဖျော့တောက်၍...။

အစကတည်းက အရှိန်အဝါနဲ့ ရှိခဲ့သော ရောင်ဖြာတို့ မိသားစုက လုံးဝကို ဆွေကြီးမျိုးကြီး အရှိန်အဝါကြီးကြီးနဲ့ပင်...။ တစ်နှံ့တလျား စိုက်ခင်းစိမ်းစိမ်းတို့က လက်ညှိုးထိုးလိုက်တိုင်း ရောင်ဖြာ့နာမည် မလွဲစေရ...။ဒီလို အရှိန်အဝါကြီးကြီးနဲ့ ထိုကလေးက နယ်သား တစ်ယောက်ဖြစ်တာက လွဲလို့ ရုပ်ရည် စီးပွား အကုန်ပြည့်စုံသည်...။ အမြဲတမ်း ငေးကြည့်နေရင်း ကြည့်လို့ မဝသော ခံစားချက်မျိုး...။ အခုလဲ ဆောင်းမနက်စောစောမှာ အလုပ်လုပ်နေရင်း ပူအိုက်လို့ ထင်ပါ့...။

နံနက်ခင်းတုန်း ချမ်းလို့ ဝတ်လာခဲ့သော အပေါ်ထည်ကို ချွတ်ပြီး အောက်ကတော့ ထုံးစံအတိုင်း မြန်မာ့သြဘာ အကျီ င်္လေးနဲ့ပင်... ။ချွေးသီးချွေးပေါက်တို့က မေးဖျားချွန်ချွန်မှ တစ်ပေါက်ချင်း အောက်သို့ ကြွေခရသည်...။ သူကတော့ ကန်သင်းရိုးက ကိုင်းပင် မြက်ကြိမ်မှန်သမျှ ရောသော ရိတ်နေသည်။ ကျွန်တော့်ကတော့ သူ့နောက်မှ သူသွားသည့်နောက် တကောက်ကောက်လိုက်၍ပင်...။

"မောင့် နောက်က ဆက်မလိုက်တော့နဲ့ ကိုင်းရိုးငုတ်တွေက ခင်ဗျား ခြေထောက်ဆို အကြိုက်ပဲ ခြေဖမိုးထိ ထုတ်ချင်းပေါက်ပဲ... သွား မောင်နောက်ကို ဆက်လိုက်မနေနဲ့တော့... ရော့... မောင့်ဖုန်းယူသွား... မြန်မာကားတွေ အများကြီးပဲ အဲ့တာလေး ကြည့်ပြီး အေးဆေးနားပါကွာ... ခင်ဗျား မျက်နှာ နီနေပြီဗျ... သွား နားချည်တော့... မောင် အမြန်ဆုံး ပြီးအောင် ရိတ်ပြီး လာခဲ့မယ်..."

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now