အပိုင်း (၁၁): ဂါရဝ ၂

15.2K 1.5K 34
                                    

... စိတ်ကုန်ဖို့ နေနေသာသာ
ချစ်လို့တောင် မဝသေးတဲ့ ခင်ဗျားဟာ
တကယ်ကို အချစ်ခံရဖို့ မွေးဖွားလာတာပဲ...။
ချစ်တယ်...။
တကယ် ခင်ဗျားကို ကျုပ်ထက် ချစ်နိုင်တဲ့သူ
ပေါ်လာတဲ့တစ်နေ့ဟာ ကမ္ဘာတစ်ခု ပျက်သုဉ်းမှပဲ..။
တကယ်ပြောတာ ကျွန်တော့်ထက် ခင်ဗျားကို ပိုချစ်နိုင်မယ့်သူ
ဒီကမ္ဘာမှာ နောက်ထပ် မရှိတော့ဘူး...။
ကျွန်တော်က ခင်ဗျားကို အနှိုင်းမဲ့ကို
ချစ်ခဲ့တာ...။

******

အပိုင်း ၁၂ အဆက်....

{Zawgyi♥}

"ဒီနေ့ စားရော စားဖြစ်မှာလား? ရောင်ဖြာ.."

ကျွန်တော့်ကို တစ်နေ့လုံး လိုက်စနေရတာ အတော်လေး ပျော်သည် ထင်သည်။ အခုလဲ မျက်နှာက ဖြီးနေပြီး ကျွန်တော့်ကို ကြည့်ကာ ကြည့်ကာနဲ့ပင်..။ တကယ် ဒီနေ့တော့ ကျွန်တော် သူ့ကို ခဏ ခဏငေးကြည့်နေမိသည်..။ ဒီလိုရုပ်သွင်မျိုးက သူနဲ့ကျွန်တော် စတွေ့တုန်းကနေ အခုထက်ထိ တစ်ခါမှ မမြင်ဖူးသေး....။ တကယ်ကို ဂျစ်ကန်က ချောတာထက် ပိုသည်..။ လုံးဝနယ်သားဆိုတာထက် ရုပ်အသွင်က အတော်လေး သန့်ပြန့်လွန်းသည်..။ အခုနေ ခံစားချက်က ငါပိုင်ဆိုင်ခဲ့ရတာ နောက်များကျနေပြီလားဟူ၍....။

"ကဲပါ.. ဆရာလေးရေ.. ကျွန်တော့်ကို ကြည့်ပဲ ကြည့်နေတော့မှာလား? တစ်ခုခုရော မပြောတော့ဘူးလား? "

"ဟမ်? ဘာ... ဘာကိုလဲ? ဘာပြောရမှာ.."

"ကျွန်တော့်ကို သိပ်ပြီး ကြွေနေတဲ့အကြောင်းလေ.. ကျွန်တော့်ကို ချစ်တယ်မလား? တကယ်ပြောတာ.. ကျွန်တော်က သူများကိုလဲ သိပ်ပြီး ဂရုမစိုက်တတ်သလို ကျွန်တော့်ကိုလဲ သိပ်ပြီး ဂရုစိုက်တာ မခံချင်ဘူး... ဒါပေမယ့် ခင်ဗျား ကျွန်တော် ဖျားနေချိန် ဂရုစိုက်တာ အရမ်းကို သဘောကျတာဗျ.. အဲ့ချိန်တုန်းကများ လူကို ဆေးမသောက်ရင် တုတ်နဲ့ ရိုက်မယ်တဲ့... တကယ်ပါပဲ အဲ့ဒီနေ့ကစပြီး ကျွန်တော်အရမ်း ဂရုစိုက်တာ ခံချင်လာတယ်... ခင်ဗျားတစ်ယောက်တည်းဆီကနော်.."

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now