{Unicode🌾}ဇာတ်သိမ်း
...မြဲစေ...
မောင် ခင်ဗျားလေးကို ချစ်တယ်နော်..
ဖြူဖြူသေးသေးလေးနဲ့
ဆရာငယ်ငယ်လေးက
မောင့်ဘေးနား
ရှိခဲ့လိမ့်မယ်လို့...
မောင် တကယ်ကို မမျှော်လင့်ခဲ့တာပါဗျာ*****
လ အနည်းငယ်ကြာသော်...
သီတင်းကျွတ်လ....။
သီတင်းကျွတ်လဆန်း ၁၅ရက်နေ့...။
သားအဖ လေးယောက်လုံး ဒီနေ့ အခါရက်မုန့်လုပ်စားဖြစ်သည်...။ မောင့်အကြိုက် နှမ်းမုန့်ကြော်၊ မုန့်ဖက်ထုပ်နှင့် မုန့်ကျွဲသည်းတစ်ချို့ လုပ်ထားမိသည်....။ ပတ်ဝန်းကျင်တစ်ချို့မှ အိမ်များ၊ ဆွေမျိုးများ ဝေပြီး အလှူလုပ်ပြီးသည့်နောက်မှာတော့ သားနှစ်ယောက်နဲ့အတူ မောင်ကတော့ မုန့်များကို အားပါးတရစားနေသည်....။
ကျွန်တော်လည်း မောင့်အနားထိုင်မိပြီး မောင့်လက်ထဲမှ မောင်ကိုက်ပြီးသား မုန့်ဖက်ထုပ် တစ်ခုကို ကျွန်တော်ကပါ ကိုက်လိုက်တော့ သားနှစ်ယောက်က ကျွန်တော့်ကို ကြည့်လာသည်...။ မျက်နှာသေနဲ့ပင် ကြည့်လေတော့ မောင်က ကျွန်တော့်ကို ပြုံးကြည့်ပြီး သူ့သားနှစ်ယောက်ကိုပါ မျက်စိမှိတ်ပြတော့ အငယ်လေးက.....။"ပါးပါး... သားဆီကလဲ စား.... နောက်ပြီး ကိုကိုဆီကလဲ စား...."
မုန့်နှစ်ခုလုံးကတော့ သူတို့လက်ထဲ အတော်လေး ဆုပ်ကိုင်ထားခဲ့လို့ ထင်သည်...။ မုန့်ဖက်ထုပ်မှ မုန့်အဆာတို့က သူတို့လက်ချောင်းများအကြား စီးကျနေသည်... ။ ထို့မုန့်နှစ်ခုလုံး ကျွန်တော့်ပါးစပ်အနားသို့ တဝဲလည်လည်ထိုးကျွေးလေတော့ ကျွန်တော်ပါ ပါးစပ်ဟပြီးတော့သာ.....။
ထို့နောက် ကျွန်တော်က သူတို့လက်ထဲက မုန့်နှစ်ခုလုံး စားပြီးသည့်နောက်မှာတော့ သားငယ်လေးက သူ့ဖေကြီးကို ကြည့်ပြီး မျက်နှာသေနဲ့ ဘယ်လိုလဲ ဟူသော သဘောဖြင့်....။
"ဦးသဝဏ်လွှာ... ဟိုစကားပုံ သိတယ်မလား?"
မောင်က ကျွန်တော့်ပုခုံးကို ဖက်လာပြီး အားရဝမ်းသာစွာ ပြောနေတော့ ကျွန်တော်လဲ အလိုက်တသိနဲ့ပင်..... ။
YOU ARE READING
ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2
Randomကျွန်တော်က ခင်ဗျားကို ချစ်ဖို့ မွေးဖွားလာတဲ့ ဂျစ်ကန်ကန်ကောင်လေး..။ ခင်ဗျားကို မုန်းဖို့ဆိုတာ ကျွန်တော်အတွက် ဘယ်တော့မှ ဖြစ်တည်မလာတဲ့ စကားလုံးတစ်ခု...။