အပိုင်း (၂၁) : ပျက်သုဉ်းခြင်း

13.8K 1.3K 74
                                    


{Zawgyi🍀}

*တကယ် မောင်လေ... ခင်ဗျားအတွက်နဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ဘယ်တော့မှ နောင်တ ရမှာမဟုတ်ဘူး...။ ခင်ဗျားဆိုတာ ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး အမြဲတမ်း ဂုဏ်ယူစရာတစ်ခု......။

ခင်ဗျားနဲ့ ပတ်သတ်ပြီး မောင်ဆိုသည်မှာ လောကဓံကြမ်းကြမ်းတွေတောင် မမှုတဲ့သူပါ......။

ကျွန်တော့်ဘဝမှာလေ ခင်ဗျားကို ချစ်ခဲ့ရတာဟာ ချီးမြှင့်ခံရတဲ့ အမွန်မြတ်ဆုံး ဆုတစ်ခုပါပဲ......။

နွေဦးရာသီ...။ လေရူးတစ်ချို့နဲ့အတူ နွေလကျောင်းတစ်ချို့လည်း ပိတ်တော့မည်...။ ချစ်လှစွာသော ကျွန်တော့်အရာရာလေး၏ ဗိုက်ကလေးမှာလဲ...လေးလကျော် ငါးလအထိရှိလာခဲ့သည်မို့ အတော်လေးလည်း ပေါ်လာလေပြီ......။

"ထန်းရည်... ထန်းရည် ချိုချိုလေး..."

နွေရာသီဆိုတော့ နွေသရုပ်အတိုင်း အညာမှာတော့ ပီပီပြင်ပြင်နဲ့ပါ......။ အနောက်ရမ်းလေပွေ့တစ်ချို့နဲ့အတူ ဖုန်လုံးကတော့ဖြင့် ဝေ့ကာ ဝှိုက်ကာနဲ့ပင်...။ နွေရာသီ၏ သရုပ်အသွင်သည် အနောက်ရမ်းလေတစ်ချို့... ရွက်ဝါကြွေတစ်ချို့... လက်ပံနီနီတွေ......။

'ဖုန်းလုံးကြီးတွေ လှိုင်းလုံးထတဲ့ လှည်းလမ်းကြောင်းက ရိုးသားတယ်...'

ဒီအချိန်မှာဆိုရင်တော့ ထုံးစံအတိုင်းပင် ခြောက်သွေ့လှသော ရာသီနဲ့အတူ ပူအိုက်နေသော ဥတု......။ တိမ်ကင်းစင်နေသော ကောင်းကင်ပြာပြာသည် ဘယ်အချိန်ကြည့်ကြည့် ပြာတလဲ့လဲ့ပင်......။ တပေါင်းရာသီမို့ ပူအိုက်သည်ကတော့ အတော်လေး ဆိုးဝါးသည်...။ ကျွန်တော်တို့ နှစ်ယောက် ညရောက်သည်နှင့် သတ်တော့သည်...။ ကျွန်တော်တို့ သတ်ကြသည်က အခြား အကြောင်းအရင်းကြောင့်မဟုတ်......။ ကျွန်တော်က သူ့အား အကောင်အထည်မို့ တစ်စုံတစ်ရာဖြစ်မှာစိုး၍ စိတ်မချသည်မို့ ရင်ခွင်ထဲ သာမန်အတိုင်းပဲ ထွေးသိပ်သည်...။ သူကတော့ မဟုတ် အတင်းပူအိုက်သည်ဟူ၍ ဇွတ်ရုန်းထွက်သည်......။

"ခင်ဗျား... မရုန်းနဲ့ဗျာ... မောင်က စိုးရိမ်လို့... ဒီအတိုင်း အိပ်တော့ရော ဘာဖြစ်လို့လဲ??"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now