တမ်းခြင်း(၂)

5.2K 238 3
                                    


{Unicode }


မကွေးတိုင်း၊(.....) မြို့နယ်၊ (.....)ရွာလေး။
နိုင်ငံ့သားသမီးမို့ စေထားရာမှာ ကျွန်တော်တို့ ပညာအလင်းရောင် စိုက်ထူရမည်...။
အပူပိုင်း၊ မိုးများပြီး စိုစွတ်တဲ့ နယ်ရွာလေး...
ကျွန်တော် ရောက်ကာစက လျှပ်စစ်မီးတောင် မရသေးတဲ့ နယ်ရွာလေး...။

သို့သော် ဆရာဆိုသောစိတ်၊ ထိုနယ်ကလေးမှ ကလေးအားလုံးကို တတ်မြှောက်စေချင်သော စိတ်တစ်ခုတည်း ခြေချမိသည်...။ အစပိုင်းတော့ အရမ်းကြီး အဆင်မပြေပေမယ့် ဘုရားပေါ်မှာ ပေလိပ်လိပ်ကောင်လေးကို ပထမဆုံး တွေ့ပြီးနောက်ပိုင်း ဘဝမှာ ဆန်းကျယ်လာတယ်...။

သို...
ခင်ဗျားလေး ဟု အစချီတတ်သော ထိုကလေးက စကားကို ဘုနဲ့ဘောက် ပြောတတ်သေး...။ တကယ့်ကို တစ်နယ်လုံးရဲ့ ဇိုး...။ အပေါက်ဆိုးဆိုးနဲ့ မဟုတ်မခံကောင်လေး...။ ကျွန်တော့်ကိုလဲ မထင်ရင် မထင်သလိုနဲ့ ဝမ်းနည်းအောင် လုပ်တတ်သေး...။

ဒါပေမယ့် ထိုကောင်လေးက..
ကျွန်တော်မှိုဟင်းစားချင်တယ် ဆိုတာနဲ့ သူကိုယ်တိုင် တောထဲ သွားပြီးရှာ.. ကိုယ်တိုင် ချက်ပြုတ်ပြီး အမေ ချက်ပေးတာလို့လဲ ညာခဲ့သေးတယ်ဗျ...။

မသိလိုက် မသိဘာသာနဲ့ ကျွန်တော်လိုချင်တယ်လို့ အသံသဲ့သဲ့ အမြဲတမ်း ဖြည့်ဆည်းပေးတတ်သော ထိုကလေးက မျက်နှာအမြဲသုန်မှုန်နေပြီး ကျွန်တော့်ကိုလဲ အရမ်းကို သဝန်တိုတတ်သေးတယ်ဗျာ...။

"ကတ္တီပါ လေးညှင်းရောင်နဲ့ လိုက်တယ်တဲ့.." ဘယ်တုန်းကများ သူ ကျွန်တော့်ကို သတိထားခဲ့မိတာလဲပေါ့...။

သူ ကျွန်တော့်ကို လိုက်ခဲ့ပုံလေးက ဆန်းကျယ်တယ်။

တစ်ခြားသူတွေလို နူးနူးညံ့ညံ့နဲ့ ချစ်သူအကြိုက် လုပ်ပေးတါမျိုး.... ပြုံးနေတာမျိုး တစ်ခုမှမရှိ။

ကျွန်တော့်ကို တွေ့သည်နှင့် သရဲသဘက် တွေ့သလိုမျိုး။

မျက်မှောင်ကျုံ့သည်။
အကန်တွေချည်း ပြောသည်။
မှတ်မိသေးတယ်... သူ ကျွန်တော့်ကို လိုက်တုန်းက.... သူ့အပြုအမူတွေ....

ရွာမှာ ပွဲတစ်ပွဲပွဲရှိသည်နှင့် သူကမပါမဖြစ်။
ကျွန်တော်လာရင် ခိုးကြည့်တတ်သည်။
အကြည့်ချင်းဆုံလျှင် သူမဟုတ်သလို မျက်နှာလွှဲသည်။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now