အပိုင်း (၂၈):ရူးသွပ်မှု

6.8K 420 1
                                    

အပိုင်း (၂၈)

... ရူးသွပ်မှု...

ကျွန်တော်
ခင်ဗျားလက်ကို စ ပြီး
ဆုပ်ကိုင်ထားကတည်းက..
ကျွန်တော့်အတွက်
အမျှဝေဖို့
ရေစက်ချ အမျှဝေမဲ့ လက်ကလဲ
ခင်ဗျားလက်ပဲ ဖြစ်ရစေမယ်.....။

*******

၀ါဆိုလ...

နံနက် လေးနာရီ ငါးမိနစ်...

"ရောင်ဖြာ ရောင်ဖြာ!!"

"အင့် အင်း"

"ရောင်ဖြာရေ ခဏ ခဏ အင်း... ထပါဦး"

"အင်း ဟုတ်"

ချက်ချင်းထမလာ မိမိမှာ အိပ်ယာက ထချင်နေပြီ ဖြစ်သည် ။ ဗိုက်ကလည်း အတော်ပေါ်နေသည်မို့ အိပ်ရတာ မလွတ်လပ်ရသည့်အကြား သူ့ကပါ ပွေ့ဖက်သိပ်ထားသည်မို့ ...တစ်ခုခုဆို ကိုယ့်မှာ ချက်ချင်း မထနိုင် အတော် ဆိုးဝါးလွန်းသည် ......။

သူ့ရင်ခွင်ထဲက အတင်းရုန်းဖယ်ကြည့်ပါသော်ငြား မရတာကြောင့် နိူးနေတာကိုပင် အဖက်မလုပ်ပဲ တအင်းအင်းနဲ့ပင် ဆက်ဖက်ထားပြီး အိပ်နေသည်။ သူတကယ် ဆိုးဝါးလွန်းသည်..။ အခုလို မိမိ ဖြစ်ပျက်ရခြင်း အစက သူလုပ်လို့ မဟုတ်လား မညှာမတာ လုပ်လွန်းသည်။ အခုလဲ သူ့မလွယ်ရတိုင်း မိမိကို ခက်ခဲစွာ လုပ်ခိုင်းသည် အတော် ပင်ပန်းသည်.........။

အခုလဲ အပေါ့အပါး ခဏသွားချင်တာကို လူကို လွတ်မပေး ...သူဂျစ်ဖို့ပဲ သိသည်။ မိမိကို တစ်ချက်မှ မကြည့်... အခုလဲ အရမ်းကို ပင်ပန်းနေပြီ ဖြစ်သည်။ မိမိကို ချစ်တာက ချစ်သည်ထား မိမိလဲ သိသည်။ သို့သော် သူဆိုသည်မှာ အကြိမ်ကြိမ် ရယူခြင်းများအကြား အခုဆို အကောင်အထည် ပေါ်တာကိုပင် ဂရုမစိုက် သဝန်ကတော့ တိုနေဆဲပင်....။ ထို့နောက်မှာတော့ ချုပ်ချယ်ခြင်း အလွန်မှာတော့ ရှိသည်။ အလွန်ပင် ချုပ်ချယ်ခြင်း.... အခုလဲ အကောင်အထည်နဲ့ပင် ရှိနေသော်ငြား ညနေ လမ်းထွက်လျှောက်ချိန်ဆို သူကိုယ်တိုင် လိုက်ပို့ရမှ ....။

သူအသဲအကဲများကြောင့် ရွာထဲက လူများသည်ပင် ကျွန်တော့် အဖြစ်ကို သနားမိနေခြင်း... သူများအတွဲတွေလို ရန်ဖြစ် ရိုက်နှက် ထိုးကြိတ်နေလို့ သနားတာ မဟုတ် သူ့ကဲသဲ သဝန်တိုပြီး နားပူအောင် ရစ်လွန်း၍ ဖြစ်သည် .....။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now