အပိုင်း (၃၃) : တွဲလက်

11.7K 1.2K 87
                                    

{Unicode🌾}

အပိုင်း (၃၃)
တွဲလက်

.... တွဲပေးထါးတဲ့ လက်တစ်စုံသာ
မြဲဖို့ လိုပါတယ်...
ခရီးလမ်းလည်း ကြမ်းပါစေ..
အတူ လျှောက်လှမ်းဖို့.
ရဲပါတယ်...။
ကျေးဇူးတင်ပါတယ်ဗျာ..
မောင့်အနား အမြဲရှိနေပေးခဲ့လို့...

*****

ရာသီတွေကတော့ တရိပ်ရိပ်နဲ့ လွန်မြောက်ခဲ့လေပြီ...။ အခုဆို ပိစိကောင်က ၅နှစ်ပင် ပြည့်တော့မည်...။ မည်းနက်ပြီး ဘုတ်သုတ်ဖြစ်နေသော ဆံပင်မွှေးများက လိပ်ထော်ပြီး ခေါင်းပေါ်မှာ ရှိသည်....။ အပေါ်ယံ အင်္ကျီမပါ ကိုယ်တုံးလုံးနဲ့ပင်...။ အောက်က ဘောင်းဘီအကွက် ပေါင်လယ်ကျော်ကျော်လောက်နှင့် နစ်ဖက်က ခါးအကြား ဘာတွေ လိပ်တင်ထားလည်း မသိ...။ တစ်ပင်တို၊ တစ်ဖက်ရှည်နဲ့ပင်....။ ခြေထောက်မှာလဲ သားရေပင်များက ဟိုတစ်ဖက် ဒီတစ်ဖက်နဲ့ပင်...။ လက်မှာလဲ အပြည့်နဲ့ပင် သူကြည့်ရတာ ရှေးခေတ် လူမျိုးစု တစ်စုနဲ့ပင် ကျွန်တော်ကိုယ်တိုင်သာ မမွေးခဲ့ရင် အဲ့လိုထင်နေတော့မှာ.....။

"ခါးတွေ နာလို့လား? နာရင် နားလေ... မောင်က ပြီးတော့မှာ..."

နှစ်ယောက်သား ကောက်ပင်ရှည်ရှည်များအကြားမှ မြက်ရွက်ကြီး၊ ဗေဒါပေါင်းတစ်ချို့ကို နုတ်နေမိသည်...။ မနက်ကိုးနာရီပင် ရှိသေး ပူအိုက်နေသော နေရောင်နဲ့ လယ်ကွင်းထဲမှ သမန်းပူတို့... ထို့အပြင် သန်စွမ်းနေသော စပါးပင်များအကြား ဖြုတ်ကောင်တစ်ချို့ကြောင့် ပူအိုက်စပ်နေသည်....။

"မဟုတ်ပါဘူး... မောင်ရယ်... ထူးကဲကို ကြည့်နေတာပါ...။ သားကလေ ကြည့်ရင်း ကြည့်ရင်း လူရိုင်းပေါက်လေးနဲ့ အတော်တူလာတာ... မောင့်နဲ့သာ မတူရင် အတော် ရုပ်ဆိုးမှာ..."

ထိုစကားကြားလေတော့ မောင်က မြက်ပင်တစ်ချို့ အားပါးတရ ဆွဲနူတ်ပြီး ကျွန်တော့်ထံ ကြည့်လာသည်...။

"မောင် ချောတာ အခုမှ သိတာလား?"

မောင်ကတော့ လက်ထဲမှ ပေါင်းပင်တစ်ချို့ လိမ်လျက်ချည်ပြီး တစ်နေရာ၌ အသာပုံထားသည်...။ ဂျုံဦးထုပ်လေးကို ဆောင်းပြီး မောင်ကတော့ ထုံးစံအတိုင်း အကွက်လက်ရှည် ပုဆိုးတိုတိုနဲ့ပင်...။ ပုဆိုးတိုတိုက အောက်က အားကစားဘောင်းဘီ အနက်ကိုပင် မြင်နေရသည့်အထိ....။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now