အပိုင်း (၁၈) : ချစ်ခြင်း

16.9K 1.6K 135
                                    

** တကယ်ပြောတာ ...
ကျွန်တော်ကလေ ခင်ဗျားကို သိပ်ချစ်တာ...
ပိုင်ဆိုင်ကြောင်း ပြရလို့လည်း
ဒီဂျစ်ကန်လေးက
ကြာရင် ဆရာလေး ရူး ရူးရတော့မယ်...။
ခင်ဗျား မသိလို့နော်...
ကျုပ်က ခင်ဗျားကို အဆုံးရှုံး မခံနိုင်တဲ့အထိကို...

******

ခင်ဗျားလေးနော်... ခင်ဗျားလေး...

{Zawgyi☘}

ဒီနေ့ ကျွန်တော်တို့ နယ်နဲ့ အရမ်းမဝေးလှသော မြို့ငယ်လေး၏ ဘုရားပွဲတော်ဖြစ်သည်...။ ဘုရားပွဲတော်အချိန်ဆို တော်တော်လေး စည်သည့် ကာလပင်...။ ရွာနီးနား နယ်ရွာတွေမှန်သမျှ ထိုဘုရားပွဲသို့ ဆွမ်းတော်ကပ် ပုတီးစိပ် ကုသိုလ်တရားတစ်ချို့ ပြုကြသည်...။ ဒီနေ့ ဘုရားဖူးသွားမည့်အထဲ ကျွန်တော်နဲ့ ဆရာလေးလည်း ပါမည်...။

ဆရာလေးကတော့ အရင်လို ကျောင်းကို သွားပြီး စာသင်နေဆဲပင်...။ သူ့ကျန်းမာရေးကြောင့် နားထားဖို့ လှုံ့ဆော်ထားသော်ငြား သူ့ဝါသနာပါလှသော သူ့မြတ်နိုးသော အလုပ်တစ်ခုမို့ ကျွန်တော် မတားလိုတော့ပါ...။ နောက်ပြီး ဆရာလေးဆိုသော ဖြစ်တည်မှုက ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်မို့... ။

မနက် ၆နာရီ...။
ဆောင်းရာသီ ချမ်းချမ်းအေးအေးမှာတော့ လုံးဝကို မထချင်တော့ပြီ...။ ဂွမ်းကပ်စောင်ထူထူထဲ ကွေးပြီး နေခြည်နုနု လာရောက်နူတ်ဆက်မှ အိပ်ရာက နိုးထရတဲ့ စည်းစိမ်က ဘာအရာနဲ့မှ မနိုင်းယှဉ်နိုင်ပါလေ...။ သို့သော် ကျွန်တော်အတွက်တော့ ဆရာလေးရင်ခွင် သို့မဟုတ် ကျွန်တော့်ရင်ခွင်ထဲ ဆရာလေးကို ပွေ့သိမ်းထားမှသာ ကျွန်တော့်အတွက် ညဆိုတာ ပြည့်စုံတာပါ......။

အခုလဲ ဘုရားပွဲတော်ကို စောစောသွားဖို့ ညက ဆရာလေး အထပ်ထပ် သတိပေးသည့်အကြားက ကျွန်တော်ဆိုသည်မှာ ပင်ပန်းမှုကြောင့် ကိုယ်လက် မသယ်ချင်တော့...။ ဒါကိုပင် ရင်ခွင်ထဲမှ ရှိနေသော ဆရာပေါက်စကတော့ စပြီး ဂျစ်တော်မူလေပြီ......။

"ရောင်ဖြာ... ထ ထတော့ကွာ... ဒီနေ့ ပွဲတော် လိုက်ပို့ဖို့ဆို... ထတော့ နေပူသွားရင် မကောင်းဘူးကွာ..."

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now