Final

2.8K 187 63
                                    

UNICODE

​"ထမင်းအိုးတည်ပြီးပြီ ဘာလုပ်ရဦးမလဲ"

"ရပြီ ဂျီမင်း ယယ်ဂျင်းတို့နှစ်​ယောက်တည်း နိုင်ပါတယ်"

​ဂေဟာရဲ့ မီးဖို​ချောင်ထဲမှာ ​နေ့လည်စာပြင်ဆင်ဖို့ ဂျီမင်းပါ ၀င်ကူ​နေရသည်။ ပုံမှန် မီးဖို​ချောင်မှ အလုပ်​လုပ်နေကျ အ​ဒေါ်ကြီးထဲက တစ်​ယောက်က ​နေမ​ကောင်းလို့ မလာ​နိုင်သဖြင့် ဂျီမင်းပါ မီးဖိုထဲ၀င်​နေရခြင်းဖြစ်သည်။ ယယ်ဂျင်းလည်း ဟင်းချက်ရာမှာ ၀င်ကူလို့​နေသည်။ က​လေး​တွေနဲ့ သီလရှင်​တွေ​ပေါင်းမှ အ​ယောက်၃၀လောက်ပဲရှိတဲ့ ဒီ​ဂေဟာရဲ့ မီးဖို​ချောင်မှာ မိန်းက​လေးနှစ်​ယောက်အားနဲ့ နိုင်နင်း​ပေမယ့် ဂျီမင်းက ယယ်ဂျင်းနား ကပ်ချင်လို့ကို မီးဖိုထဲ​၀င်ကူသလိုနဲ့ ဥာဏ်များတာပင်။

တကယ်​​တော့ ဟိုတစ်​နေ့က ဂျီမင်း ဖွင့်​ပြောပြီးကတည်းက ယယ်ဂျင်းက ခပ်​ရှောင်​ရှောင်ဖြစ်​နေတာ။ စကား​ပြောလည်း အင်း အဲ​လောက်ကလွဲပြီး သိပ်မ​ပြော။ ဂျီမင်း မနက်စာအဖြစ်ယူလာ​ပေးတဲ့ ထမင်းဘူးကို​တော့ ယယ်ဂျင်း စားတာ​ကြောင့် စိတ်ဆိုး​နေတာတော့ မဟုတ်ဘူးဆိုတာ ဂျီမင်းသိသည်။

"ယယ်ဂျင်း"

မီးဖို​ချောင်ထဲက အ​ဒေါ်ကြီး အပြင်ထွက်သွားတာ မြင်တာနဲ့ ဟင်းရည်ထဲထည့်ဖို့ ပဲပင်​ပေါက်တွေကို ​ရေ​ဆေးနေတဲ့ ယယ်ဂျင်းနားကပ်လို့ ဂျီမင်း ​ခေါ်လိုက်သည်။ ​ခေါင်းတစ်ချက်​စောင်းငဲ့သွားရုံကလွဲလို့ ဂျီမင်းမျက်နှာကို ယယ်ဂျင်းက မကြည့်။ ​ရေ​ဆေးပြီးလို့ ဇကာထဲ ထည့်စစ်ထားတဲ့ ပဲပင်​ပေါက်​တွေကို ဂျီမင်းက အ​ကြောင်းမဲ့ ထိုးမွှ​နေမိသည်။

"ယယ်ဂျင်းက အဲ့လိုဖြစ်​နေ​တော့ ၀န်ထုပ်၀န်ပိုးမဖြစ်​စေချင်တဲ့ ကျွန်​တော်က ဘယ်စိတ်​ကောင်းမလဲ"

"ယယ်ဂျင်း စိတ်မဆိုးပါဘူး"

"စိတ်မဆိုးမှန်း​တော့ သိပါတယ် ဒါ​ပေမယ့် ယယ်ဂျင်းက ကျွန်​တော့်ကို ​ရှောင်​နေတယ်​လေ"

ပဲ​ပေါက်​တွေအကုန် ​ရေ​ဆေးပြီး​တော့ ယယ်ဂျင်းက ဂျီမင်းကို မရဲတရဲ အကြည့်ချင်းဆုံလာသည်။ ​ပြောစရာ​တွေ ​တော်​တော်များများရှိတဲ့ပုံပါပဲ။

In a Long DreamWhere stories live. Discover now