Episode 13

1.3K 178 27
                                    

UNICODE

ယယ်ဂျင်းနဲ့ ထယ်​ယောင်း ပတ်သက်မှုကို သိသွားပြီး​နောက်ပိုင်း ဟယ်ရာတစ်​ယောက် ယယ်ဂျင်းကို သိပ်မကြည်ချင်။ ယယ်ဂျင်းလည်း ​ပြောရမလား မ​ပြောရမလား ​တွေ​ဝေ​နေရာက လျှိုထားဖို့မသင့်ဟု ထင်သဖြင့် အဆူအဆဲခံပြီး​ပြောခဲ့ရသည်။

"နင့်ကို အံ့ဩလို့ကို မဆုံးဘူး"

"နင် ဦး​နှောက်​ရော ရှိ​သေးရဲ့လား"

"ငါဒီ​လောက်တား​နေတဲ့ကြားကဟာ"

"နင့်ကို ဟိုက ဘာ​ဆေး​တွေများတိုက်လိုက်လဲ"

"အရူးမ" စသည် စသည်ဖြင့် ယယ်ဂျင်းကို စုံစိ​နေ​အောင်​​ပြောဆို အပြစ်တင်​တော့သည်။ ​နောက်ဆုံး​တော့လည်း ကိုယ့်သူငယ်ချင်းကိုက တစ်ဖက်ကို ​တော်​တော်ကျ​နေပြီမို့ မ​ပြောသာ​တော့သဖြင့် ဟယ်ရာ အ​လျှော့​ပေးခဲ့ရသည်။ အခွင့်သာလျှင်​တော့ မ​မေ့မ​လျော့ စကားနာထိုးတတ်​သေးသည်။

ယယ်ဂျင်းက​တော့ ဟယ်ရာ့နားကပ်ကာ အရင်ကထက် ပိုပြီး စကား​တွေ ​ပြောလိုက် မုန့်၀ယ်​ကျွေးလိုက်နှင့် အမျိုးမျိုး​ချော့ရ​လေသည်။ အခုလည်း ​အတန်းတက်ရတာ ပျင်းလို့ဆိုကာ ​ကျောင်း၀န်းထဲလမ်းသလားရန် အ​ဖော်စပ်သည့် ဟယ်ရာ​ကြောင့် ယယ်ဂျင်းမှာ မလိုက်ချင်လိုက်ချင်နှင့် လိုက်လာရပြန်သည်။ မလိုက်လျှင်လည်း တစ်​နေကုန် ဆူပွပွဖြင့် မ​ခေါ်မ​ပြောလုပ်ဦးမည်။ သူသ​ဘောမတူတဲ့ ကိစ္စကိုလုပ်ထားသည့် ယယ်ဂျင်းမှာလည်း တစ်ဦးတည်း​သော သူငယ်ချင်းဖြစ်သူနှင့် ပြိုင်၍ စိတ်မ​ကောက်ချင်သဖြင့် အ​လျှော့​ပေးထားရသည်။ ဟယ်ရာက ဒါကို အခွင့်​ကောင်းယူကာ အခုတ​လော ဆိုး​ပေ​ပေလုပ်​နေသည်။ သူ့ရည်းစား မင်ယွန်းဂီအ​ပေါ် ဆိုးချင်တိုင်းမဆိုးရသမျှ ယယ်ဂျင်းအ​ပေါ် လာပုံချ​နေသလိုပင်။

"ယယ်ဂျင်း ​ကျောင်းဆင်းရင်မုန့်သွားစားရ​အောင်"

"ဘာမုန့်လဲ"

"​ပီဇာ၊ အခုတ​လော နာမည်ကြီး​နေတဲ့ဆိုင်"

"သွား​လေ"

"နင် အချိန်ရရဲ့လား ဒါမှမဟုတ် ပိတ်ရက်မှသွားမလား"

"ရပါတယ် ​ကျောင်းဆင်းပြီးအလုပ်တန်းသွားရတာမှ မဟုတ်တာ ကြားထဲအချိန်ရှိတာပဲကို"

In a Long DreamWhere stories live. Discover now