Episode 3

1.8K 192 14
                                    

Unicode

"ဟူး... ​နောက်ဆုံးနှစ်​ရောက်လာလို့လားမသိဘူး စာ​တွေကခက်လိုက်တာ"
ဟယ်ရာတစ်​ယောက် အတန်းထဲမှ ဆရာမထွက်သွားပြီးပြီးချင်း စာ​ရေးခုံ​ပေါ် ​မှောက်ချကာ ညည်း​လေသည်။ ယယ်ဂျင်းလည်း ဒီ​နေ့ ဆရာမသင်သည့် သင်ခန်းစာများကို မှတ်စုထုတ်ဖို့ ပြင်​နေရင်း ဟယ်ရာ့ကို ကြည့်ကာ ပြုံးမိသည်။

"အခုမှ ​ကျောင်းတက်တာ တစ်ပတ်ပဲရှိ​သေးတာကို ညည်း​နေပြီလား"

"​ကျောင်းတက်တာ တစ်ပတ်ဖြစ်ဖြစ် တစ်ရက်ဖြစ်ဖြစ် စာ​တွေ ခက်တာကခက်တာပဲကို"

"အဲ့​လောက်လည်း မဟုတ်​သေးပါဘူးဟယ် အခုမှ နှစ်စပဲရှိ​သေးတာ ​နောက်ကျ အဆင်​ပြေသွားမှာ​ပေါ့"

"​အော် ​အေး​​ပေါ့​လေ နှစ်တိုင်း စ​ကော်လာရ​နေတဲ့သူကြီးက​တော့ ​ပြောအားရှိတာ​ပေါ့... ငါက​တော့ နင့်​လောက် မ​တော်​တော့ ယုံကြည်ချက်မရှိပါဘူးဟာ"
ဟယ်ရာက မျက်နှာငယ်နှင့် မျက်လွှာ​လေးချကာ တမင်ဟန်လုပ်၍ ​ပြောသည်။ ယယ်ဂျင်းက ကြည့်ရင်း ရယ်မိ​သောအခါ "မနှိမ်ပါနဲ့ဟာ"ဆို​သော အကြည့်နှင့် ထပ်ကြည့်​လေသည်။

"ကဲ လုပ်မ​နေနဲ့ ရုပ်ကိုက... ​နောက်ဆုံးကျ​တော့လည်း ငါတို့တူတူ​အောင်ကြတာပဲကို အပိုစကား​တွေသိပ်​ပြော"
မျက်နှာငယ်နှင့်ဟန်လုပ်​နေ​သော ဟယ်ရာ၏ လက်​မောင်းကို လက်သီးဖြင့် ခပ်ဖွဖွထုကာ ရယ်ရင်းပြောသည်။

ထမင်းစားချိန်မို့ အတန်းထဲရှိ ​ကျောင်းသူ၊ ​ကျောင်းသား​များ အလျှိုအလျှို ကန်တင်းသို့သွားကြ​လေသည်။ ယယ်ဂျင်းက​တော့ ထမင်းစားချိန်​ရောက်လျှင် ကန်တင်းသို့ လူရှင်းသည့်အချိန်မှ သွား​လေ့ရှိသည်။ ထမင်းစားချိန်​ရောက်တာနှင့်တန်းသွားလျှင် လူ​တအားများလွန်းတာမို့ တမင်​နောက်ကျမှသွားခြင်းဖြစ်သည်။

ကန်တင်းမသွားခင်အချိန်မျိုးတွင် ယယ်ဂျင်းသည် မနက်ပိုင်းအတန်းများက သင်ခန်းစာများကို မှတ်စုပြန်ထုတ်​လေ့ရှိသည်။ ဟယ်ရာက​တော့ ထိုအချိန်မျိုးတွင် အိပ်လျှင်အိပ် မအိပ်လျှင် ယယ်ဂျင်းနှင့်အတူ စာလုပ်တတ်သည်။ အိပ်​နေသည်က​တော့ များသည်။ ယခုလည်း "စာ​တွေခက်တယ်" ဟု ညည်းကာ ခုံ​ပေါ် ​ခေါင်း​မှောက်လျက် အိပ်​နေ​လေသည်။

In a Long DreamWhere stories live. Discover now