Episode 5

1.7K 183 23
                                    

Unicode

အချိန်ကား ညဆယ်နာရီခန့်။ ဆိုးလ်လို မြို့ကြီးပြကြီးမှာ​တော့ စည်ကားလျက်ရှိဆဲပင်။ ကား​ရောင်စုံ၊ လူ​ပေါင်းစုံ သွားလာလှုပ်ရှား​နေကြဆဲ။ နီယွန်မီး​ရောင်စုံများ​အောက်တွင် ဧည့်သည်မပြတ်​သေးသည့် စား​သောက်ဆိုင်ကြီးများ၊ လမ်း​ဘေးဆိုင်ငယ်​လေးများမှာလည်း အသက်၀င်​လျက်ရှိ​သေးသည်။ ညဘက် အ​ပျော်အပါးရှာ​ဖွေသူများအတွက်လည်း အပန်း​ဖြေစရာ​နေရာများက အဆင်သင့်ပင်။

လူလတ်တန်းစားရပ်ကွက် လမ်းသွယ်​လေးတစ်ခုထိပ်တွင် BMW​မော်ဒယ်မြင့် ကားတစ်စီးရပ်လိုက်သည်။

"သွား​တော့မယ်​နော် ဦး"

"ခဏ​နေဦး"
ကား​မောင်းသည့်ဘက်ခြမ်းတွင် ထိုင်​နေသည့် အသက်၅၀​​ကျော်အရွယ် လူကြီးသည် ထိုမိန်းက​လေးအား ပိုက်ဆံတစ်အုပ်ထုတ်​ပေး​လေသည်။ ကားထဲရှိ လူကြီးမှာ Kလုပ်ငန်းစု၏ ဥက္ကဌ ကင်ဂျယ်ဟွန်းပင်။

"ဟာ ငါးသိန်း​တောင် ဟိဟိ အဲ့ဒါ​ကြောင့် ဦးကိုချစ်ရတာ"
၂၅နှစ်ခန့်​လောက်ရှိမည့် ထိုမိန်းက​လေးသည် လူကြီး၏လက်​မောင်းကိုဆွဲကာ ချွဲနွဲ့စွာ​ပြောသည်။

"ကဲ သွား​တော့ ပြီး​တော့ မင်းဆီကို အခုတ​လော လာဖြစ်ဦးမှာမဟုတ်​သေးဘူး"

"ဟင် ဘာလို့လဲ"

"ကုမ္ပဏီမှာအ​ရေးကြီးကိစ္စ​တွေရှိလို့"

"အင်းပါ ဟုတ်ပါပြီ"

မိန်းက​လေးသည် နှုတ်ခမ်းစူကာ စိတ်ပျက်လက်ပျက်​လေသံနှင့်ပြန်​ပြော​လေသည်။ ထိုမိန်းက​လေးသည် ကား​ပေါ်မှဆင်းကာ ​ကားထဲရှိ လူကြီးထံသို့ ​နောက်တစ်​ခေါက် လက်ပြနှုတ်ဆက်ပြန်သည်။ မျက်နှာကို လိုအပ်သည့်ထက် ပြင်ဆင်ခြယ်သထား​ကာ ကိုယ်လုံး​ပေါ် ကွက်တိကျသည့် ၀တ်စုံကို ၀တ်ဆင်ထားသဖြင့် ခန္ဓါကိုယ်အမို့အ​မောက်များ​ပေါ်လွင်​နေသည့် ထိုမိန်းက​လေးသည် ဝါကျင်ကျင် လမ်းမီး​တိုင်​အောက်တွင်ပင် ဆွဲ​ဆောင်မှုရှိလှသည်။ ထိုမိန်းက​လေး လမ်းသွယ်ထဲသို့၀င်သွားသည့်အခါ ကားအ​ကောင်းစားကြီးသည်လည်း လူချမ်းသာရပ်ကွက်ဆီသို့ ဦးတည်​မောင်းနှင်​လေသည်။

In a Long DreamWhere stories live. Discover now