Episode 21

1.1K 150 17
                                    

UNICODE

ယယ်ဂျင်း ​​နောက်ဆုံး​ဖြေ​နေတဲ့ အပုဒ်ကို လက်စသတ် အ​ဖြေလွှာတစ်ခုလုံးကို အစအဆုံး တစ်​ခေါက်ပြန်စစ်ပြီး အခန်း​စောင့် ဆရာမကို အ​ဖြေလွှာအပ်ကာ စာ​မေးပွဲခန်းထဲက ထွက်လာခဲ့သည်။ စာ​မေးပွဲအချိန်ပြည့်ခါနီး​နေပြီ ဖြစ်တာ​​ကြောင့် အခန်းထဲမှာလည်း ​ကျောင်းသား သုံး​လေး​ယောက်​လောက်သာ ကျန်​တော့သည်။ ​ကော်ရစ်ဒါတစ်​လျှောက်မှာ ​ကျောင်းသား​တွေ စုရုံးစုရုံးနှင့် အ​ဖြေတိုက်ကြ မနက်ဖြန်အတွက် ပါမယ့်အပုဒ်​တွေ မှန်းကြရင်း ဆူညံလျက်ရှိသည်။ တစ်ချို့ကလည်း ​ဖြေနိုင်လို့ မြူးထူး​နေသ​လောက် တစ်ချို့ကျ ပထမရက်မှာတင် အ​ခြေအ​နေမ​ကောင်းကြလို့ ထင်သည်။ မျက်နှာငယ်​တွေနှင့်။

ယယ်ဂျင်းမှာ သူ့ထက်အရင် အခန်းထဲက ထွက်သွားသည့် ဟယ်ရာ့ကိုလည်းရှာရ​သေးသည်။ စာ​မေးပွဲ​ဖြေချိန် တစ်၀က်​ကျော်​ကျော်​လောက်မှာတည်းက ထွက်သွားသည့် ဟယ်ရာတစ်​ယောက် အ​ခြေအ​နေ​ကောင်းပုံမ​ပေါ်။ စာရွက်အပ်ပြီး ထွက်သွားသည့် မျက်နှာကို အကဲခတ်လိုက်ရသ​လောက် မ​ဖြေနိုင်တဲ့ပုံ။ ​မေးခွန်းက အခက်ကြီးလည်းမဟုတ်ဘဲ ဟယ်ရာ ဘာလို့ မ​ဖြေနိုင်လဲ ​​တွေးလို့မရ။ ယယ်ဂျင်းက​တော့ စာ​မေးပွဲ ပထမဆုံးရက်မှာတင် ​​အခက်အခဲမရှိ​ဖြေနိုင်တာမို့ စိတ်ထဲမှာ ​တော်​တော်​လေး​ကျေနပ်​နေမိသည်။ ဒါ​ပေမယ့် သူငယ်ချင်းဖြစ်သူက ​ဖြေနိုင်ပုံမ​ပေါ်တာ​ကြောင့် အပြည့်အ၀မ​ပျော်နိုင်။

ယယ်ဂျင်းထက်စာရင် အ​ပေါင်းအသင်းများတဲ့ ဟယ်ရာကို လူစုစု​တွေ့တိုင်း ရှာ​သော်လည်း ဘယ်အုပ်စုထဲမှာမှ မ​တွေ့။ အခန်းထဲကထွက်လာပြီး ​ကော်ရစ်ဒါ​တောက်​လျှောက် ဆင်းလာတဲ့ ​လှေကား​တောက်​လျှောက်လုံး ဟယ်ရာ့ကို အရိပ်​တောင်မမြင်။ အရင်ကဆို စာ​မေးပွဲခန်းထဲက အရင်ထွက်သွားရင်​တောင် ​ကော်ရစ်ဒါ တစ်​နေရာရာမှာ တခြား သူ့သူငယ်ချင်း​တွေနဲ့ စာတိုက်​နေကြ။ အခု​ ​တော်​တော် မ​ဖြေနိုင်လို့များ တစ်​ချောင်​ချောင်မှာ တစ်​ယောက်တည်း သွားငို​နေပြီလားဟုပင် ယယ်ဂျင်း စိတ်ပူလာသည်။

In a Long DreamWhere stories live. Discover now