Episode 18

1.3K 169 20
                                    

UNICODE

ထယ်​ယောင်း အိမ်​ရှေ့​ရောက်​နေတာ ကြာပြီဖြစ်​ပေမယ့် မ၀င်နိုင်​သေးဘဲ အိမ်ကြီး​ကို ရပ်ကြည့်​နေမိသည်။ ဘယ်တုန်းကမှ လိုလိုချင်ချင် လာချင်စိတ်မရှိခဲ့တဲ့ အိမ်ဆီကို အခု​တော့ ​မျှော်လင့်ချက်တစ်ခုနဲ့ အ​ပြေး​ရောက်လာခဲ့သည်။ ​မွေးကတည်းက ​နေခဲ့တဲ့ အိမ်မို့ သံ​ယောဇဥ်က​တော့ရှိသည်။ အမှတ်တရ​ကောင်း​တွေမရှိ​ပေမယ့် တကယ်တမ်း ခွဲခွာဖို့ ​တွေးမိ​တော့ ၀မ်းနည်းသလိုလို။ ဒီတစ်ကြိမ် အိမ်ပြန်လာခြင်းဟာ ​နောက်ဆုံးအကြိမ်လည်း ဖြစ်​ကောင်းဖြစ်​နေနိုင်သည်။

​သေ​သေချာချာ စဥ်းစားဆုံးဖြတ်ပြီးမှ ​ရောက်လာတာမို့ ထယ်​ယောင်းမှာ ​နောင်တ​တော့မရှိ။

"ဟယ် ​မြေး"

အိမ်ထဲ၀င်၀င်ချင်း ဧည့်ခန်းထဲမှာ တီဗီကြည့်​နေသည့် အဖွားက ဆီးကြိုသည်။ ထယ်​ယောင်း အဖွားကို ​တွေ့​တွေ့ချင်း ​ပွေ့ဖက်ကာ နှုတ်ဆက်လိုက်သည်။

"​နေ​ကောင်းတယ်​နော် ဖွား"

"​ကောင်းပါတယ်၊ ငါ့​မြေးက ပိန်သွားလိုက်တာ ဘယ်လိုဖြစ်တာလဲ"

"စာ​မေးပွဲနီးလို့ စာလုပ်​နေရလို့ပါ"

"​မြေးက ​နေနိုင်လိုက်တာ အိမ်ကို ပြန်​မလာတာ ဘယ်​လောက်ကြာ​နေပြီလဲ"

"ဖွားကို​တော့ အမြဲသတိရ​နေတာပါ"

"ဒီည ဒီမှာ အိပ်မှာလား အခန်းရှင်းခိုင်းလိုက်မယ်​လေ"

"မအိပ်ဘူး၊ ဥက္ကဌကြီးကို ​ပြောစရာရှိလို့လာတာ"

"တစ်ခါတစ်​လေ​လေး ​ယောင်မှားပြီး အ​ဖေလို့ ​ခေါ်ပါလားကွယ်"

ထယ်​ယောင်း ဘာမှ မ​ပြော။ ပြုံးရုံသာပြုံးပြီး ​နောက်တစ်ခါ အဖွားဖြစ်သူကို ဖက်ပြန်သည်။

"ဖွား သားကို ခွင့်လွှတ်​နော်"

ထယ်​ယောင်း စကား​ကြောင့် ဖက်ထားခံရတဲ့ အဖွားက ရုန်းထွက်ကာ ထယ်​ယောင်းကို စူးစမ်းသလိုကြည့်သည်။

In a Long DreamWhere stories live. Discover now