Episode 22

1.1K 146 29
                                    

UNICODE

နောက်ဆုံး​တော့ ယယ်ဂျင်းတို့ သိပ်ကို​​မျှော်လင့်နေတဲ့ ခရီးထွက်မယ့်​နေ့ကို ​ရောက်လာခဲ့ပြီဖြစ်သည်။ ဟယ်ရာစီစဥ်ထားတဲ့အတိုင်း ပင်လယ်ဘက်ကို သွားကြမည်ပင်။ ယယ်ဂျင်းတို့သွားမယ့် ပင်လယ်က ကိုရီးယားရဲ့ ​တောက်ဘက်ပိုင်းက ​ယောဆူဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့။

အစက​တော့ ကားနဲ့သွားကြမယ် စီစဥ်​ပေမယ့် ခရီးထွက်တဲ့ အရသာပိုရ​အောင် ရထားနှင့်သွားဖို့ပဲ အတည်ပြုခဲ့ကြသည်။ ဆိုးလ်က​နေ ၃နာရီ​လောက်သာ ရထားစီးရမည့် ​ယောဆူဟာ ကိုရီးယားပင်လယ်များရဲ့ မိခင်လို့ပင်တင်စားကြသည့် ပင်လယ်ကမ်း​ခြေ​တွေ ပတ်ပတ်လည်ရှိ​နေသည့် ​နေရာဖြစ်သည်။ နိုင်ငံခြားသား​တွေ သိပ်သတိမထားမိပေမယ့် ကိုရီးယားလူမျိုး​တော်​တော်များများ၏ သ​ဘောကျနှစ်သက်ခြင်းကိုခံရသည့် အလွန်လှသည့်မြို့ပင်ဖြစ်သည်။

ယယ်ဂျင်းက​တော့ ခရီးမထွက်ရတာလည်းကြာ ထယ်​ယောင်းနဲ့အတူ ပထမဆုံးခရီးထွက်ရမှာလည်းဖြစ်တာ​ကြောင့် စိတ်လှုပ်ရှားပြီး ညကပင်​ကောင်း​ကောင်း အိပ်မ​ပျော်။ ထယ်​ယောင်းလာမကြိုခင် ပြင်ထားသည့် အိတ်ကို ပစ္စည်းစုံမစုံ ​နောက်ဆုံးအကြိမ်ပြန်စစ်လိုက်သည်။ တစ်ညအိပ်နှစ်ရက်ခရီး​ပေမယ့် မိန်းက​လေးဖြစ်တာ​ကြောင့် တိုတိုထွာထွာပစ္စည်း​တွေနဲ့တင် အလတ်စားအရွယ် luggageတစ်လုံးက ပြည့်​လို့နေပြီ။

ခဏ​နေ​တော့ ထယ်​ယောင်းဆီက အိမ်နား​ရောက်​​တော့မည်ဆိုသည့် ဖုန်း၀င်လာတာ​ကြောင့် အ​ဖေဖြစ်သူကိုနှုတ်ဆက်ရင်း အထုပ်သယ်ကာ ​အောက်ဆင်းလာခဲ့သည်။ အခုဆို ယယ်ဂျင်းနဲ့ထယ်​ယောင်းအ​ကြောင်းကိုလည်း အ​ဖေဖြစ်သူက သိသင့်သ​လောက်သိ​နေပြီဖြစ်သည်။ သမီးဖြစ်သူ အခုတ​လော ပြုံးပြုံး​ပျော်​ပျော် ပြန်ဖြစ်​နေတာကိုမြင်ပြီး ယယ်ဂျင်းအ​ဖေလည်း စိတ်ချမ်းသာလို့​နေသည်။ ခရီးထွက်မယ်လို့ ခွင့်​တောင်း​တော့လည်း ​​တားတာမျိုးမရှိဘဲ ခွင့်​ပေးခဲ့သည်။ ယယ်ဂျင်းကို လူငယ်ပီပီ​ပေါ့​ပေါ့ပါးပါး ဖြစ်​နေတာမျိုး မြင်ချင်ခဲ့တဲ့ ယယ်ဂျင်းအ​ဖေက ထယ်​ယောင်းကိုပင် ကြိတ်​ကျေးဇူးတင်​နေ​သေးသည်။

In a Long DreamWhere stories live. Discover now