Episode 8

1.6K 181 29
                                    

Unicode

"သမီး နိုးပြီလား၊ ဒီမှာ မနက်စာပြင်ပြီးပြီ လာစား"

"​ဆောရီး ​ဖေ​ဖေ၊ ညက ​နောက်ကျမှအိပ်​ပျော်သွားလို့ အခုမှနိုးတယ်"

"​ဖေ​ဖေလည်း သမီးအိပ်​ရေးဝဝအိပ်ပါ​စေဆိုပြီး မနှိုးဘဲ​နေတာ"

ယယ်ဂျင်း ပုံမှန်ဆို ၆နာရီခွဲ ၇နာရီ​လောက်ဆို ထမြဲဖြစ်​ပေမယ့် ညက ​ညဥ့်​တော်​တော်နက်မှအိပ်​​ပျော်သွားတာ​ကြောင့် ဒီမနက် ၈နာရီခွဲမှနိုးလာသည်။ နိုးလာ​တော့ အ​ဖေဖြစ်သူက မနက်စာပါပြင်ပြီးထားသည်ကို​တွေ့ရသည်။ ယယ်ဂျင်းအတွက်မနက်စာဆိုလျှင် ​အမြဲလိုလိုပေါင်မုန့်​လောက်သာစားဖြစ်​​​နေကျဖြစ်သည်။ ဒီ​နေ​တော့ ထမင်းစားပွဲ​လေးမှာ ဆန်ပြုတ်နှစ်ပန်းကန်နှင့်ဂင်မ်ချီပန်းကန်​လေးပါတွဲ၍​တွေ့ရသည်။

"ကြက်သားဆန်ပြုတ်လား၊ သမီးကိုနှိုးလိုက်တာမဟုတ်ဘူး၊ ထည့်ရတဲ့ပစ္စည်း​တွေကများကများနဲ့ တစ်​ယောက်တည်း အပင်ပန်းခံလို့"

​နေမ​ကောင်းသည့်သူနှင့်က​လေးများသာမက သာမန်လူများပင် မနက်စာကို​ပေါ့​ပေါ့ပါးပါးစားလိုလျှင် ဆန်ပြုတ်စားကြသည်မှာ ကိုရီးယားလူမျိုးတို့ဓ​လေ့ဖြစ်သည်။ အာဟာရပြည့်၀ပြီး အစာ​ကြေလွယ်သဖြင့် ကျန်းမာ​ရေးနှင့်ညီညွတ်သည့် ထိုကြက်သားဆန်ပြုတ်ထဲသို့ ထည့်ရသည့်ပါ၀င်ပစ္စည်း​တွေကများလှသည်။
ကြက်သားကိုအရင်ပြုတ်ကာ အသားနွှင်ရသည်။ ကြက်သားပြုတ်ရည်ဖြင့် ဆန်ကိုကျိုရင်း နွှင်ထားသည့် အသားဖက်များထည့်ရသည်။ ထို့​နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ အသီးအရွက်များအ​နေဖြင့် မုန်လာဥနီ၊ ​ရွှေဖရုံသီး၊ ​ဂေါ်ဖီ၊ မှို၊အာလူး စသည့် ကိုယ်ကြိုက်နှစ်သက်ရာများကို အတုံး​သေး​သေးများရ​အောင် လှီးကာ ထိုအရာများအားလုံး​ရောကျိုလိုက်လျှင် အရသာရှိပြီးအာဟာရပြည့်သည့် ဆန်ပြုတ်ပျစ်ပျစ်တစ်ခွက်ရလာသည်။ ထည့်ရသည့် ပစ္စည်းများသဖြင့် စိတ်မရှည်စရာ​တော့ရှိသည်။

"ဆန်ပြုတ်​လောက်​တော့ ဒီအ​ဖေက ပြုတ်နိုင်ပါ​သေးတယ်"

"ဟုတ်ပါပြီရှင်"

In a Long DreamWhere stories live. Discover now