Episode 12

1.4K 182 24
                                    

UNICODE

ဂျီမင်း အခုတ​လော အရက်​ချည်း လှိမ့်​သောက်​​နေ​တော့တာပါပဲ။ ရင်ထဲကအပူကို အရက်အပူနဲ့ ဓါတ်ကြမ်းတိုက်ပစ်တဲ့ သ​ဘော။ ဒါ​ပေမယ့်လည်း နှလုံးသားထဲက အပူက အရက်ထက်ပိုပူပြီး ပိုလည်းခါးတယ်။ တစ်ချို့လူ​တွေ ​ပြောတာ​တော့ အချစ်ဆိုတာ လိုက်​လေ​ဝေး​လေတဲ့။ ဂျီမင်းအတွက်​တော့ လိုက်မလို့ ​ခြေလှမ်း'စ'ရုံ ရှိ​သေး ဝေးသွားလိုက်တာ တစ်ဆုံး။ တကယ်ကြီး ​ဝေးသွားတာလားဆို​တော့လည်း မဟုတ်​သေးပြန်။ နီးနီး​လေးမှာ​တော့ အချစ်က ရှိ​နေ​သေးတာပဲ။ ဒါ​ပေမယ့် ဒါဟာ လူချင်းနီးရုံ​လေးတင်။ စိတ်ချင်း တစ်နည်းအားဖြင့် နှလုံးသားချင်းက​တော့ ​ဝေးလျက်။ နဂိုတည်းကလည်း မနီးစပ်ခဲ့။ ဆုံ​နေရက်နဲ့ လွမ်း​နေရသည်​ပေါ့။

ယယ်ဂျင်းကို ဂျီမင်း စ​တွေ့တာက ၀ရုန်းသုန်းကားဖြစ်​နေသည့် ရန်ပွဲအလယ်မှာပါ။ သူငယ်ချင်းဖြစ်သူ ထယ်​ယောင်းက ယယ်ဂျင်း၏ အင်္ကျီလည်ပင်းကို ​ဆောင့်ဆွဲလိုက်သည့် မြင်ကွင်း။ ပထမ​တော့ ယယ်ဂျင်းကို ဂျီမင်း သတိမထားမိခဲ့။ ထယ်​ယောင်းကို တားဖို့သာ စိုင်းပြင်း​နေခဲ့သည်။ ​ကျောင်းထဲမှာလည်းဖြစ်၊ လူသိများသည့် ထယ်​ယောင်းလည်း ဖြစ်​နေတာ​ကြောင့် ပြဿနာ အကျယ်အကျယ် ဖြစ်မသွား​စေဖို့ပဲ ဂျီမင်း ​ခေါင်းထဲရှိ​နေခဲ့သည်။ ထယ်​ယောင်းကိုဆွဲပြီး​တော့မှ ယယ်ဂျင်းကို ထယ်​ယောင်းကိုယ်စား ​တောင်းပန်သည့်အခါမှ သူမကို ​သေချာကြည့်မိလိုက်ခြင်းပင်။

ရုတ်တရက်ဖြစ်သွားသည့် အဖြစ်အပျက်အ​ပေါ်  အံ့သြခြင်းနှင့် ​ကြောက်ရွံခြင်း​ရော​နေကာ ​ထယ်​ယောင်းကိုသာ အ​ကြောင်သား ​ငေးကြည့်​နေသည့် ယယ်ဂျင်း ပုံစံကို အခုထိ ဂျီမင်း မျက်စိထဲကမထွက်။ မျက်ရည်အဝိုင်းသား ဖြစ်​နေသည့် ထိုမျက်၀န်းတို့ကို မြင်လိုက်ရသည့်အခါ ဂျီမင်း ရင်ထဲ ဆစ်ခနဲ။ လူကြားထဲမှာ ​ယောကျာ်း​​လေးတစ်​ယောက် အနိုင်ကျင့်တာကို ခံလိုက်ရသည့် မိန်းက​လေးကို ဘယ်သူမဆို သနားကြမယ်မဟုတ်လား။ ဂျီမင်းလည်း ယယ်ဂျင်းကို သနားသွားသည်​လေ။ သနားသွားလို့ ရင်ထဲမှာ တစ်မျိုးဖြစ်သွားတယ်လို့ပဲ ​ခပ်ပေါ့​ပေါ့ ယူဆခဲ့မိသည်။

In a Long DreamWhere stories live. Discover now