Episode 11

1.5K 178 26
                                    

UNICODE

တစ်စက္ကန့်...

နှစ်စက္ကန့်...

သုံးစက္ကန့်...

ယယ်ဂျင်း ကိုယ့်နှုတ်ခမ်း​ပေါ်သို့ ကျ​ရောက်လာ​သော ထယ်​ယောင်း၏ အနမ်းကို တုံ့ပြန်ခြင်းလည်းမပြုနိုင်၊ ငြင်းဆန်ခြင်းလည်းမပြုနိုင်ဘဲ ​ကြောင်နစွာ ​မလှုပ်မယှက်ရှိ​နေမိသည်။ ယယ်ဂျင်း မတုံ့ပြန်သဖြင့် ထယ်​ယောင်းလည်း နှုတ်ခမ်းတို့ကိုခွာကာ ​​တောင့်​နေသည့် ယယ်ဂျင်း၏ မျက်လုံးဝိုင်းများကို ဆုံ​အောင်ကြည့်လိုက်သည်။ ယယ်ဂျင်းလည်း ဆုံလာသည့် ထယ်​ယောင်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း အသိစိတ် ဖျက်ကနဲ ၀င်လာသည်။ ဒီ​နေရာမှ ထထွက်သွားမှ ဖြစ်​တော့မည်ဟူသည့် အသိ​ကြောင့် ယယ်ဂျင်း ထိုင်​နေရာမှ ထကာ ပြန်ဖို့​ခြေလှမ်းပြင်လိုက်သည်။ သို့​သော် သူမ၏လက်အားဆွဲလိုက်သည့် လက်တစ်စုံနှင့် ​ကျောပြင်အားထိကပ်လာသည့် ခပ်​နွေး​နွေး ရင်ခွင်တစ်ခုကို ခံစားလိုက်ရသည်။ ယယ်ဂျင်း​ကို အ​နောက်မှ ​ထွေးယူသိမ်းဖက်ရင်း ​မေးဖျားကို သူမပုခုံး​ပေါ် ​မှေးတင်လိုက်သည့် ထယ်​ယောင်း။ ထယ်​ယောင်း၏ ထွက်​လေတစ်ချို့သည် ယယ်ဂျင်း၏ ညာဘက်ပါးသို့ မထိတထိ ကလူကျီစယ်လျက်။

​အဲကွန်းခန်းထဲမှာပင် ယယ်ဂျင်း ​ချွေးစို့လာသည်။ ​​သေးငယ်သည့် သူမ၏ ကိုယ်​လေးတစ်ခုလုံး ထယ်​ယောင်း ရင်ခွင်ထဲမှာ။ ခါးကို တင်းကြပ်စွာ ဖက်ထားသည့် ထယ်​ယောင်း၏ လက်အစုံသည် လုံး၀လွှတ်​ပေး​တော့မည့်ပုံမ​ပေါ်။ ထိုလက်တို့ကို အားကုန်သုံး၍ ဖြုတ်ချပစ်လိုက်ချင်​သော်လည်း ယယ်ဂျင်းမှာ အင်အားမရှိ။ ကြည်နူးသည်လား ​မောပန်းနွမ်းလျသည်လား မသိနိုင်သည့် ခံစားမှု​ကြောင့် ယယ်ဂျင်းရင်ထဲ တလှပ်လှပ်ဖြစ်​နေရသည်။

"ယယ်ဂျင်း"

ယယ်ဂျင်း၏ နားနားသို့ကပ်၍ ခပ်တိုးတိုး ​ခေါ်လိုက်သည့် ထယ်​ယောင်းအသံ။ ခါတိုင်း​ခေါ်​နေကျ အသံနှင့်မတူဘဲ ​လေသံထွက်ရုံမျှ အသံနှင့် ဆွဲဆွဲငင်ငင်​ခေါ်လိုက်သည့် အသံ​ကြောင့် ယယ်ဂျင်း တစ်ကိုယ်လုံးမှာ ရှိသမျှ ​သွေးတို့​ပြောင်းပြန်စီးသွားသည့်နှယ်။ ထယ်​ယောင်း အသံတွင် လူကိုပြုစားနိုင်သည့် ​​မှော်အတတ်တစ်ခုခုများ ပါ​နေသလားဟုပင် ယယ်ဂျင်းထင်မိသည်။

In a Long DreamWhere stories live. Discover now