Episode 2

2.2K 221 13
                                    

Unicode

March,

​ဆောင်းရဲ့အ​ငွေ့အသက်​တွေကုန်ဆုံးပြီး ​နွေဦးကို​ရောက်လာခဲ့​လေပြီ။ မပူလွန်းမ​အေးလွန်းသည့်အတွက် ​အ​တော်​နေလို့​ကောင်းသည့် ရာသီဥတုပင်။ ပန်း​ရောင်စုံ​တွေ ပွင့်သည့်ရာသီမို့ ပတ်၀န်းကျင်အ​နေအထားကလည်း အလွန်လှသည့် ​နွေဦးပင်ဖြစ်သည်။ မတ်လ​ရောက်ပြီမို့ တက္ကသိုလ်​အသီးသီးရဲ့ စာသင်နှစ်​တွေလည်း စတင်ပြီဖြစ်သည်။ ​အလွန်လှသည့် ​နွေဦးရာသီအစ တက္ကသိုလ်ရဲ့ စာသင်နှစ်အစလည်းဖြစ်တာမို့ ​ကျောင်းသူ ​ကျောင်းသားတိုင်း ​စိတ်လှုပ်ရှား ​ပျော်ရွှင်ကြသည့် အချိန်ဖြစ်သည်။

ဒီ​နေ့ ​ကျောင်းစတက်ရမည့်​နေ့မို့ ​မနက်စော​စောထနိုင်ရန်အတွက် ညက ကြိုတင်​ပေးထားသည့် နှိုးစက်သံ​ကြောင့် ကင်ထယ်​​ယောင်း နိုးလာသည်။ ညက ညဥ့်နက်မှ အိမ်ပြန်​ရောက်တာ​​ကြောင့် အိပ်ယာ၀င်လည်း ​နောက်ကျခဲ့သည်မို့ အိပ်ယာမှမထချင်​သေး။ မထလျှင်လည်း မဖြစ်သည်မို့ ​လေးတွဲစွာ ထလာခဲ့သည်။

​​​အိပ်​ရေးမ၀တာ​ကြောင့်​ရော ညက နည်းနည်း​သောက်ခဲ့တာ​ကြောင့်​ပါ ​ခေါင်းထဲက တစ်ချက်တစ်ချက် ထိုးကိုက်သည်။ ထယ်​​ယောင်းက အရက်မ​သောက်နိုင်တာမို့ ပုံမှန်ဆို​သောက်​လေ့မရှိ။ မ​နေ့ညက​တော့ သူငယ်ချင်းတစ်​ယောက်​သောက်တာကြည့်ပြီး ​သောက်ချင်လာတာ​ကြောင့် အနည်း​ငယ်သောက်မိသည်။​

"ကျစ် ​ခေါင်းကလည်း ကိုက်လိုက်တာ...​ကျောင်းကလည်း သွားရဦးမယ်..."

ထိုးကိုက်​နေသည့် နားထင်နှစ်ဖက်ကို လက်ဖ​နောင့်နှစ်ခုဖြင့် ဖိ​ချေပစ်လိုက်သည်။

"​ရေချိုးလိုက်ရင်​တော့ လန်းသွားမယ်ထင်တာပဲ" ဟု ​ရေရွတ်ကာ bathrobe၀တ်ကာ ​ရေချိုးခန်းသို့၀င်လိုက်သည်။ ​

ကပိုကရိုဖြစ်​နေသည့် လှိုင်းတွန့်ဆံပင်​လေး​တွေက မကျဥ်းမကျယ် နဖူး​ပေါ်ဝဲကျလျက်ရှိသည်။ မျက်ခုံးတန်းတန်းနှင့် ထိုမျက်ခုံး​အောက်က မျက်၀န်းနက်​တွေဟာ ညှိ့ဓါတ်အပြည့်ပါသည့် မျက်၀န်းစူးစူး​တွေ​။ ဖြောင့်တန်းပြီး စင်း​နေတဲ့ ခပ်မြင့်မြင့်နှာတံဟာ ကင်ထယ်​​ယောင်းရဲ့ မျက်နှာပြီးပြည့်စုံဖို့အတွက် အဓိကအ​ထောက်အကူပင်။ ထိုနှာတံ မြင့်မြင့်ရဲ့ ထိပ်ဖျား​အောက်ဖက်နားက ညာဘက်ကို ခပ်သာသာ ပို​ရောက်​နေတဲ့ မှဲ့နက်ငယ်​​လေးက မြင်ရသူ​တွေကို အသည်းတယားယားဖြစ်​စေတဲ့ လက်နက်ငယ်​လေးသဖွယ်။ လေးကိုင်းသဏ္ဍာန် မထူမပါးနှုတ်ခမ်းနှင့် အားပါးတရ ရယ်လိုက်တိုင်း ​ပေါ်လာတဲ့ ​လေး​ထောင့်ဆန်ဆန်အပြုံး​တွေပါ ထပ်​ပေါင်းထည့်လိုက်​တော့ မိန်းက​လေးများ သည်းသည်းလှုပ်ကာ ​ယောကျာ်း​လေးချင်းကပင် မနာလိုအားကျရ​လောက်သည့် ပြီးပြည့်စုံသည့် ရုပ်ရည်ပိုင်ရှင် ကင်ထယ်​​ယောင်းရယ်လို့ဖြစ်လာ​စေသည်။

In a Long DreamWhere stories live. Discover now