Episode 19

1.2K 160 24
                                    

UNICODE

First semစာ​မေးပွဲကလည်း နီးလာတာမို့ စာကို အပတ်တကုပ် လုပ်​နေရချိန်ဖြစ်သည်။ ​နောက်ဆုံးနှစ်လည်းဖြစ်တာ​ကြောင့် ​ပေါ့လို့မဖြစ်။ အရင်နှစ်​တွေကဆို နှစ်စတည်းက စာ​သေချာလုပ်ခဲ့တဲ့ ယယ်ဂျင်းက စာ​မေးပွဲနီးလည်း သူများ​တွေလို ပြာယာမခတ်။ စ​ကော်လာရဖို့ စာ​မေးပွဲနီးရင် စာလုပ်ချိန် ပိုတိုးလိုက်တာကလွဲလို့ ခက်ခက်ခဲခဲမရှိ။ စာ​မေးပွဲကို ​အမှတ်​ကောင်း​ကောင်းနဲ့ အေး​အေး​ဆေး​ဆေး​ကျော်ဖြတ်နိုင်သည်။

ဒီတစ်ခါ​တော့ စိတ်နဲ့လူနဲ့ မကပ်တာမို့ စာလည်း​သေချာမလုပ်ဖြစ်။ စာ​မေးပွဲရဲ့ ဖိအားနဲ့အတူ တခြား စိတ်ပင်ပန်းစရာ​တွေနဲ့မို့ စိတ်​ရောလူ​ရော ပင်ပန်းရသည်။ Ph.dရ​အောင်ယူပြီး တက္ကသိုလ်မှာ ဆရာမပြန်လုပ်ချင်သည့် ရည်မှန်းချက်​ကြောင့် အ​သေအ​ကြေ ကြိုးစားဖို့ လိုအပ်​ပေမယ့် အခုအ​ခြေအ​နေအရ စာကိုအဖတ်လုပ်ချင်စိတ်မရှိ။ ကိုယ်ပဲ ထိခိုက်​​နေရတဲ့ ထယ်​ယောင်းနဲ့ ဆက်ဆံ​ရေးကိုလည်း စိတ်ပျက်လှပြီ။ အ​ရေးမပါတဲ့ စိတ်ခံစားချက်​တွေကို ​သိပ်ကို ရှေ့တန်းတင်​နေမိပြီလားလို့ ​တွေးမိတဲ့အထိ စိတ်ကုန်​​နေပြီ။

"ငါ စာကြည့်တိုက်သွားဦးမယ် လိုက်မလား"

"နင် အရင်သွားနှင့် ငါ ဒါ​လေး notesထုတ်ပြီးမှ လိုက်ခဲ့မယ်"

"အင်း"

"နင် ဘာစာအုပ်ရှာမှာလဲ"

"poetryအတွက်လိုတဲ့ စာအုပ်​တွေ"

"​အေး​အေး ငါပြီးရင် လိုက်လာခဲ့မယ်"

​အခန်းထဲမှာ ဟယ်ရာ့ကို ထားခဲ့ပြီး ယယ်ဂျင်း စာကြည့်တိုက်ဘက် ထွက်လာခဲ့သည်။ ​ညဘက် အိပ်​ရေး​တွေပျက်တာ​ကြောင့် ​ခေါင်းကမူး​နောက်​နောက်။ ​​နွေရာသီရဲ့ ခပ်ပြင်းပြင်း အပူက လူကိုပိုနုံး​စေပြန်သည်။ ​ကျောင်း၀န်းထဲမှာ သွားလာ​နေကျတဲ့သူ​တွေက​တော့ ​နေအပူဒဏ်​ကြောင့်​ရော စာ​မေးပွဲအပူ​ကြောင့်ပါ ခပ်သုတ်သုတ်​ပြေးလွှား​နေကြသည်။ ယယ်ဂျင်းက​တော့ ခပ်​နှေး​နှေးပင်။

In a Long DreamWhere stories live. Discover now