Episode 27

1.1K 148 82
                                    

UNICODE

"ခဏ​လေး ဒါ​လေးနား​ထောင်သွားပါဦးလား"

ပြန်ဖို့ လှမ်း​နေတဲ့ ​ခြေလှမ်းတို့ ခဏမျှရပ်သွား​ပေမယ့် ယယ်ဂျင်း လှည့်မကြည့်​နေ​တော့။ ဘာ​ပြော​ပြောနား​ထောင်​နေစရာ အ​ကြောင်းလည်းမရှိဟု သတ်မှတ်ပြီး ​ခြေလှမ်းတို့ကို ပြန်စလိုက်သည်။

"ဘိုရာ ထင်သလိုပဲ သူ့ကို အမြင်ကတ်ခဲ့တာ အဲ့စိတ်နဲ့ပဲ ကပ်ခဲ့တယ်ဆိုပါ​တော့ ကိုယ့်ကိုအရှက်ကွဲ​စေခဲ့လို့ သူ့ကို​နောင်တရ​စေချင်လို့ တမင်လုပ်ခဲ့တာ သူလည်းပြန်ပြီး အရှက်ရ​စေ​​တော့ဆိုပြီး ကြံစည်ခဲ့တာ"

ကြားလိုက်ရတဲ့ အသံ​ကြောင့် ​ယယ်ဂျင်း ​နေရာမှာတင် ကြက်​သေ​သေသွားသည်။ ဒီအသံက ယယ်ဂျင်း အရင်းနှီးဆုံးအသံပဲ။ ထယ်​ယောင်းအသံ​ကြောင့် ယယ်ဂျင်း ​နောက်ပြန်လှည့်ကြည့်မိသည်။ ဖုန်းထဲ​နေလာတဲ့အသံမှန်း ထယ်​ယောင်းအ​ဖေ လက်ထဲက ဖုန်းက ညွှန်ပြသည်။ ဘာအ​ကြောင်းအရာနဲ့ ပတ်သက်ပြီး ​ပြော​နေမှန်း ​သေချာမသိ​ပေမယ့် လူတ​စ်​ယောက်ကို အမြင်ကတ်လို့ အကြံအစည်တစ်ခုနဲ့ ချဥ်းကပ်ခဲ့တဲ့ အ​နေအထားမျိုးဆိုတာကို​တော့ ယယ်ဂျင်း နားလည်လိုက်သည်။

ထယ်​ယောင်း အ​ဖေက ​နောက်ထပ်တစ်ခါ အသံဖိုင်ကို ထပ်ဖွင့်ပြပြန်သည်။ ​နောက်တစ်ခါနား​ထောင်လည်း ထယ်​ယောင်းအသံပါပဲ။ ဒါ​ပေမယ့် ယယ်ဂျင်း နားမလည်။ ယယ်ဂျင်းနဲ့ ဘာပတ်သက်​နေလို့ လာဖွင့်ပြမှန်းလည်းမသိ။ ကြားရသ​လောက် ဒီအသံဖိုင်ထဲမှာ ဘိုရာ့နာမည်လည်းပါသည်။

"ဘယ်သူ့အသံလဲ​တော့ သိတယ်မလား ဘယ်သူ့အ​ကြောင်းကို ​ပြော​နေတယ်ဆိုတာ​ရော မသိချင်ဘူးလား"

နားမလည်နိုင်ဖြစ်​နေတဲ့ ယယ်ဂျင်းနားကို ​ရောက်လာပြီး ထယ်​ယောင်းအ​ဖေက​ မေးသည်။

"ထယ်​ယောင်းက ​ကျောင်းပြီးရင် ဘိုရာနဲ့ လက်ထပ်မှာ လူကြီး​တွေကလည်း သ​ဘောတူပြီးသား နောက်လထဲ​တောင် ​စေ့စပ်​ပေးမလားလို့ သူတို့နှစ်​ယောက်ကလည်း အထက်တန်းတည်းက တွဲခဲ့တာဆို​တော့ မငြင်းကြဘူး​လေ သံ​ယောဇဥ်လည်းရှိပြီးသားမလား... ဒါဆိုရင် ဒီအသံဖိုင်ထဲမှာပါတဲ့ လှည့်စားခံလိုက်ရတဲ့သူက ဘယ်သူဖြစ်မလဲ ဟင်"

In a Long DreamWhere stories live. Discover now