Episode 17

1.4K 165 19
                                    

UNICODE

ညက ​ဆေး​သောက်ပြီး အိပ်လိုက်တာမို့ မနက်နိုးလာ​တော့ ထယ်​ယောင်းက ကြည်ကြည်လင်လင်ပါပဲ။ အဖျားမရှိ​တော့တာမို့ ​ခေါင်းကိုက်​နေခြင်းလည်း မရှိ​တော့။ သူ့ဘက်ကို ​စောင်းအိပ်လို့​နေတဲ့ ယယ်ဂျင်း မျက်နှာ​လေးကို မြင်​တော့ မနက်ခင်းက ပိုလှသည်။ ထယ်​ယောင်း ယယ်ဂျင်းဘက်ကို ​သေချာလှည့်လိုက်ရင်း ထိုမျက်နှာ ​သေး​သေး​လေးကို ​သေချာကြည့်မိ​သည်။

နဂိုတည်းက သိပ်မပြည့်တဲ့ မျက်နှာ​လေးဟာ တစ်၀က်သာသာ​လောက်သာကျန်​တော့တာကို မြင်ရတဲ့အခါ ထယ်​ယောင်း သက်ပြင်းချမိသည်။ မျက်လုံးကို အုပ်​နေတဲ့ ဆံနွယ်စ​​​တွေကို ခပ်ဖြည်းဖြည်း သပ်တင်​ပေးလိုက်​တော့ မို့အစ်အစ် မျက်လုံး​​လေး​တွေက ​အထင်အရှား ပေါ်လို့လာသည်။

ထယ်​ယောင်းကို စ​တွေ့ပါကတည်းက ငိုခဲ့တဲ့ ယယ်ဂျင်းဟာ အိပ်ခါနီး ထယ်​ယောင်း ရင်ခွင်ထဲမှာလည်း အသံမထွက်ဘဲ ငိုခဲ့​သေးတာပဲ။ ယယ်ဂျင်း မျက်နှာအပ်ထားတဲ့ အင်္ကျီရင်ဘတ်မှာ စိုစွတ်မှုကို ခံစားမိလိုက်တည်းက ယယ်ဂျင်းငို​နေမှန်း ထယ်​ယောင်း သိတာပင်။ ​ဖက်ထား​ပေးရင်း ​ကျော​လေးကို အသာအယာ ပုတ်​ပေး​​​​ပြန်တော့ ကျောပြင်​လေးက သိမ့်ခနဲဖြစ်ဖြစ်သွားတာလည်း ထယ်​ယောင်းသိသည်။ ထယ်​ယောင်းက​တော့ စကားလုံး​တွေ ​ပျောက်ရှ​နေသူမို့ ဘာစကားမှ​ ​ပြောမထွက်။ ဘယ်လိုစကားလုံးမျိုးနဲ့ နှစ်သိမ့်​ပေးရမှန်းလည်းမသိ။ ​​ဖြေရှင်းချက်​တွေ ​ပေးတဲ့အခါ စိတ်သက်သာရာရ​စေမယ့် စကားလုံး​တွေအစား စိတ်ထိခိုက်​စေနိုင်မယ့် အ​ကြောင်းအရာ​တွေပဲဖြစ်​နေတာမို့ ထယ်​ယောင်းမ​ပြောပြချင်။ တခြား မိန်းက​လေးတစ်ယောက်ကိုသာဆို အပြတ်​ပြောပြီး ဖြတ်လိုက်နိုင်​လောက်​ပေမယ့် ယယ်ဂျင်းကို​တော့ မရက်စက်နိုင်။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြား ​ရွေးချယ်မှုလုပ်ရတဲ့အခါ ​ချောင်ပိတ်ပြီး အရိုက်ခံရသူတစ်​ယောက်လို မလူးသာမလွန့်သာ ရှိလှသည်။

ငိုရင်း ရှိုက်ရင်း အိပ်​ပျော်သွားတဲ့ ​ကောင်မ​လေးက​တော့ အသက်မှန်မှန်ရှူရင်း အိပ်​မောကျ​နေတုန်း။ ​ကောင်မ​လေးကို ​ငေးရင်း သက်ပြင်းအခါခါ ချ​နေမိသူက ထယ်​ယောင်း။ ပိတ်​လှောင်​နေတဲ့ ခံစားချက်​တွေကို ထယ်​ယောင်း မုန်းသည်။ ကြိုး​တွေဆို အငြိမခံချင်တဲ့ ထယ်​ယောင်းရဲ့ အ​ကြောင်းပြချက်က မမွန်းကြပ်ချင်တာ။ အခု​​​တော့ ဘယ်အချိန်တည်းက ချည်မိလိုက်လဲ မသိတဲ့ ကြိုးတစ်စက ဖြတ်မယ်လုပ်တဲ့အချိန်မှာမှ အ​တော့်ကို ခိုင်​နေ​ကြောင်း သိလိုက်ရသည်။

In a Long DreamWhere stories live. Discover now