Episode 15

1.4K 184 27
                                    

UNICODE

ဒီရက်​ပိုင်း​တွေဟာ ယယ်ဂျင်းအတွက် ခက်ခဲလွန်းသည်။ အ​ကြောင်းအရင်း ​သေချာမသိရပါဘဲ ထယ်​ယောင်းဘက်က အဆက်အသွယ်ဖြတ်ထားခြင်း​ကြောင့်ပင်။

​ကိုင်သူမရှိတဲ့ ဖုန်း​တွေ...
ပြန်စာမရှိတဲ့ စာတို​တွေ...
​​နေလည်စာစားချိန်တိုင်း ​ဘေးက လစ်လပ်​နေတဲ့​နေရာ..
ရုတ်တရက် ​ပြောင်းပစ်လိုက်တဲ့ တိုက်ခန်း လျှို့ဝှက်နံပါတ်...

ဘာ​ကြောင့်မှန်းမသိရပါဘဲ ရုတ်တရက်ဆန်စွာ သစ်စိမ်းချိုးချိုးသွားသည့်အတွက် ယယ်ဂျင်းမှာ အရူးမီးဝိုင်းသလို။ ​ဆောက်တည်ရာမရသည့် အပြင် ၀မ်းနည်းစိတ်တို့ပါ ကဲလာသည့်အခါ ​နေ့ရက်တိုင်း မျက်ရည်ကျရသည်ချည်း။ ဟယ်ရာရဲ့နှစ်သိမ့်ခြင်း​တွေကလည်း ယယ်ဂျင်း ရင်ထဲကအနာအတွက် ​ဆေးမဖြစ်။

"သူ​တောင်​နေနိုင်​သေးတာ နင်ကဘာလို့ ဒီလိုခံစား​နေရမှာလဲ"

"အဲ့ဒါ​ကြောင့် ငါ အစတည်းက ​ပြောတာ အဲ့​ကောင်နဲ့ ​ဝေး​ဝေး​နေလို့ အခုတော့ဖြစ်ပြီမလား"

"နင်ဆွဲထားလို့သာ မဟုတ်ရင် အဲ့​ကောင်ကို ငါသွားလုပ်မိ​တော့မယ်"

"အဲ့လို​ကောင်မျိုးအတွက် ခံစားရတာမတန်ပါဘူးဟာ နင့်လိုမိန်းက​လေးမျိုးအတွက် အဲ့​ကောင်ထက် ​သာတဲ့ နင့်အ​ပေါ်​ကောင်းတဲ့ လူမျိုးနဲ့ ​တွေ့နိုင်ပါ​သေးတယ်"

"သူလိုမ​ကောင်းတဲ့​ကောင်က ​စော​စောစီးစီးနင့်အနားကထွက်သွားတာ နင်ကံ​ကောင်းတာ၊ နင့်လိုလူမျိုးကို ဆုံးရှုံးရတာ သူကံဆိုးတာ"

ဟယ်ရာက​တော့ သူငယ်ချင်းဘက်ကလည်းနာ တစ်ဖက်ကိုလည်း ​ဒေါသထွက်လို့​နေသည်။ ​တား​နေတဲ့ကြားက ​ရှေ့ဆက်တိုးတဲ့ သူငယ်ချင်းအမိုက်မကို ကရုဏာ​​ဒေါ​သောနဲ့ ​ပြောမိသလို ယယ်ဂျင်း ခံစား​နေမှန်း သိသဖြင့်လည်း ​ဖေး​ဖေးမမ နှစ်သိမ့်​ပေးရှာသည်။ဘယ်လိုပင် စိတ်သက်သာရ​အောင် ​ပြော​ပေးလည်း ယယ်ဂျင်းက​တော့ မျက်ရည်မြစ်ထဲ ​မျော​နေတုန်း။ သူဘာမှားသွားလို့လဲဆိုသည့် အ​တွေးကလည်း ယယ်ဂျင်းကို အနှိပ်စက်ဆုံးပင်။ ထယ်​ယောင်းကို ​အပြစ်မြင်ရမယ့်အစား ကိုယ့်အမှား ကိုယ့်အပြစ်ကိုသာ ရှာ​နေမိတဲ့အထိ ယယ်ဂျင်းအချစ်ကြီးခဲ့ပြီ။

In a Long DreamWhere stories live. Discover now