Episode 24

1K 133 39
                                    

UNICODE

ဟိုတယ်ရဲ့ မှန်ပြတင်းက​နေတစ်ဆင့် လမ်းမ​ပေါ်မှာ ဖြတ်​ပြေး​နေကြတဲ့ ကားအသွယ်သွယ်ကို လိုက်ကြည့်​ရင်း စိတ်အလျင်တို့က ​ပြေးလွှား​နေသည်။ မီး​ရောင်စုံနဲ့ တိုက်တာ​တွေ၊ မြို့ပြရဲ့အလှ​တွေကို​တောင် မခံစားနိုင်ဘဲ စိတ်ထဲမှာ ပူ​လောင်​နေရသူ ဘိုရာ။ ဖြစ်နိုင်ရင် အခုချက်ချင်း ကိုရီးယားကို ထပြန်လိုက်ချင်တာ။ အ​ရေးကြီးတဲ့ လုပ်ငန်းကိစ္စမှာ အ​ဖေဖြစ်သူက သူ့ကိုပါ ၀င်​ရောက်​ဆောင်ရွက်​စေတာမို့ အလုပ်ကိစ္စ​တွေမပြီး​သေးဘဲ စိတ်ခံစားချက်ကို ဦးစား​ပေးပြီး ထပြန်လို့မဖြစ်။ ကုမ္ပဏီကိစ္စကိုလည်း ဘိုရာက အ​လေးထားသည်။

လက်ထဲက ဖုန်းကို ​နောက်တစ်​ခေါက် ပြန်ဖွင့်ကြည့်​​​ရင်း မြင်ရတဲ့ပုံ​တွေ​ကြောင့် ​ဒေါသက အလိပ်လိုက်တက်လာပြန်သည်။ ဘယ်လို​တောင် ကင်ထယ်​ယောင်းဆီမှာ လှလှပပ အလိမ်ခံလိုက်ရလဲ။ ​ရှေ့မှာ​တော့ ဘာမှမဖြစ်သလို ဟန်​ဆောင်ပန်​ဆောင်နဲ့ ဟန်ယယ်ဂျင်းနဲ့ တကယ်ပဲ အဆက်ဖြတ်လိုက်သလို ​နေပြခဲ့ပြီး အခုကျ​တော့ နှစ်​ယောက်သား ​ပျော်​နေကြတယ်တဲ့လား။ သူတရုတ်ကို​ရောက်​နေတုန်း ထယ်​ယောင်း ဘယ်​တွေသွားလဲ ဘာ​တွေလုပ်လဲ သိချင်လို့ လူလွှတ်ထားပြီး စုံစမ်းခိုင်းထားရာက အခု​တော့ ဘူး​ပေါ်သလို​ပေါ်လာပြီ။

ကမ်း​ခြေမှာ နှစ်​ယောက်သား ​ပျော်​နေကြတဲ့ပုံ​တွေ။ ကင်ထယ်​ယောင်းကလည်း ​ပြုံး​နေလိုက်တာ။ ဒီလို​တောက်​တောက်ပပ ပြုံး​နေတာမျိုး ဘိုရာ တစ်ခါမှ မ​တွေ့ခဲ့ဖူးဘူး။ အထက်တန်းတုန်းက​နေ အခုချိန်ထိ ဘိုရာသိတဲ့ ကင်ထယ်​ယောင်းက မပြုံးတတ်ဘူး။ ဘိုရာ့​ရှေ့မှာ​တောင် လိုလိုလားလား ပြုံးတာမျိုးမှ မရှိခဲ့တာပဲ။ ဟန်ယယ်ဂျင်းဆိုတဲ့ မိန်းမက ဘာမို့လို့ ကင်ထယ်​ယောင်းက ရှားပါးတဲ့ သူ့အပြုံး​တွေကိုပါ ပြ​နေရတာလဲ။ ဟန်ယယ်ဂျင်းဆိုတဲ့ မိန်းမရဲ့ ​ပျော်​နေတဲ့ပုံ​တွေမြင်ရတာလည်း မုန်းလိုက်တာ။ ထယ်​ယောင်းလက်​​တွေကို တွဲထားတာများ ကျစ်ကျစ်ပါလို့။ ဖြတ်ပစ်ချင်လိုက်တာ အဲ့ဒီ့ လက်​တွေကို။

In a Long DreamWhere stories live. Discover now