Episode 28

1.1K 136 41
                                    

UNICODE

ထယ်​ယောင်း​ ​ဆေးရုံကထွက်လာပြီး ကားကို တရကြမ်း​မောင်းကာ တိုက်ခန်းသို့ပြန်ခဲ့သည်။ တိုက်ခန်းကို​ရောက်​တော့ ၀င်၀င်ချင်း ဘိုရာက ဧည့်ခန်းထဲက​နေ ဆီးကြိုသည်။

"ထယ်​ယောင်း ညဘက်ကြီး ဘယ်​တွေ​လျှောက်သွား​နေတာလဲ ဘိုရာက စိတ်ပူ..."

ထယ်​ယောင်း လက်တစ်ဖက်က ဘိုရာ့ပါး​ကို အရှိန်ပြင်းပြင်းဖြင့် ရိုက်ချပစ်သည်။ လည်ထွက်သွားတဲ့ ဘိုရာက ထယ်​ယောင်းကို ပြန်​မော့ကြည့်လာတဲ့အချိန် ကျန်တဲ့ပါးတစ်ဖက်ဆီ ထယ်​ယောင်းရဲ့ ရိုက်ချက်က ထပ်မံ​ရောက်ရှိသွားပြန်သည်။

"သတ်မယ်!!! နင့်ကို​ရော ဟိုလူကို​ရော"

"ထယ်​ယောင်း ဘာဖြစ်လာတာလဲ ဘိုရာ ဘာလုပ်မိလို့လဲ"

ထယ်​ယောင်း အားကုန်လွှဲပြီး ရိုက်ထားတာ​ကြောင့် ဘိုရာ့ ပါးနစ်ဖက်တို့က နီရဲနေသည်။ ရဲတက်​နေတဲ့ ပါးပြင်​ပေါ် မျက်ရည်တို့က စီးကျ​နေသည်။ ထယ်​ယောင်း ဘိုရာမျက်ရည်ကျတာ မြင်​တော့ မသနားတဲ့အပြင် ပိုလို့​တောင် မုန်းမိသည်။ ဒီမိန်းမက ငိုဖို့ အခွင့်အ​ရေးမှ မရှိဘဲ။ ယယ်ဂျင်းကို ပုံမှန်အ​ခြေအ​နေမဟု​တ်​တော့တဲ့အထိ ဖြစ်​​အောင် လုပ်ခဲ့ပြီး သူ့အလှည့်ကျမှ နာတတ်​နေတာကို ထယ်​ယောင်း မုန်းလှသည်။

"နင်တို့နှစ်​ယောက် ​ပေါင်းပြီး အကွက်ချ ယုတ်မာတာမလား ဟမ်"

ဘိုရာ့ အင်္ကျီစကို ဆွဲ​ဆောင့်ကာ ​​အော်ဟစ်​မေး​တော့ ဘိုရာက ထယ်​ယောင်းလက်တွေကို အားနဲ့ ပြန်ဆွဲချသည်။

"​အေး ဟုတ်တယ် ဒါ​ပေမယ့် ငါက အသံဖိုင်​လေး ပို့​ပေးလိုက်ရုံပဲ ကိုယ်ထိလက်​ရောက်လုပ်ခဲ့တာ နင့်အ​ဖေ​မလား ဘာလဲ အခု ဟန်ယယ်ဂျင်းက နင့်အ​ဖေ အပိုင်ဖြစ်သွားလို့ ငါ့လာရမ်း​နေတာလား"

"လီဘိုရာ!!!"

"ထယ်​ယောင်း အခုလို အ​ခြေအ​နေဖြစ်မှ​တော့ ဘိုရာနဲ့ပဲ လက်ထပ်မယ်မလား ဟင်... ဟန်ယယ်ဂျင်းက နင့်အ​ဖေလူဖြစ်သွားပြီမလား နင် ငါနဲ့ပဲ လက်ထပ်ရ​​​အောင်လေ​နော်"

​​တောင်းပန်သလို သနားစရာ​လေသံနဲ့ ​ပြောင်း​ပြောလာတဲ့ ဘိုရာက အမျိုးမျိုးတတ်နိုင်သည်။

In a Long DreamWhere stories live. Discover now