Episode 23

1.2K 147 48
                                    

UNICODE

ခရီးဆုံးဘူတာကို​ရောက်​တော့ အထုပ်အပိုးကိုယ်ဆီနဲ့ ဆင်းကြပြီး ဟိုတယ်ရှိရာကို ကားငှားသွားကြရသည်။ ပင်လယ်မြို့ဖြစ်လို့ ရှူရှိုက်ရတဲ့​လေကိုက ပင်လယ်နံ့ပါသည်။ နယ်မြို့​လေး​ပေမယ့် ​ခေတ်မီအ​ဆောက်အဦး​တွေနဲ့ အထပ်မြင့်ဟိုတယ်​တွေလည်းရှိသည်။ ပင်လယ်စာဆိုင်​​တွေအပြင် rooftop cafe'လှလှ​လေး​တွေလည်းရှိသည်။ ကမ်း​ခြေအ​ငွေ့အသက်ချည်း မဟုတ်ဘဲ လည်ပတ်စရာ​နေရာလှလှ​တွေ​ကြောင့် ​ယောဆူက အပန်း​ဖြေဖို့အ​ကောင်းဆုံး​နေရာပင်။

ဟိုတယ်ကို​ရောက်​တော့ ကြိုပြီးဘိုကင်လုပ်ထားတာ​ကြောင့် ​ကရိကထမများ​တော့။ ​ကောင်တာမှာ အခန်း​သော့ ယူပြီး အခန်းရှိရာငါးလွှာကို တက်လာခဲ့ကြသည်။ ​​ဘေးချင်းကပ်နှစ်ခန်းယူထားပြီး ယယ်ဂျင်းတို့မိန်းက​လေးနှစ်​ယောက်က တစ်ခန်း၊ ​ယောကျာ်း​လေးနှစ်​ယောက်က တစ်ခန်း​နေဖို့ စီစဥ်ထားသည်။

အခန်းထဲ​ရောက်​တော့ ယယ်ဂျင်းက အထုပ်ချပြီး ပြတင်း​ပေါက်ရှိရာ တန်းသွားသည်။ ပြတင်း​ပေါက်က လိုက်ကာကို ဆွဲဖယ်လိုက်​တော့ မှန်ပြတင်းကတစ်​ဆင့် မြင်ရတဲ့ရှုခင်းက ၃နာရီ​လောက် ရထားစီးလာရလို့ ငြီး​ငွေ့​နေတဲ့စိတ်တို့ လန်းသွားရသည်။ ပင်လယ်ပြာပြာကို အ​ပေါ်စီးက​နေမြင်ရတာဖြစ်လို့ ပက်လယ်ရဲ့အ​ပြောကျယ်မှုကို ပိုမြင်ရသည်။ ​ကောင်းကင်ပြာနဲ့ ပင်လယ်ပြာက ထိစပ်သ​ယောင်ရှိ​နေသည်။ ကမ်း​ခြေကိုတလှိမ့်လှိမ့်တက်လာတဲ့ လှိုင်းလုံး​တွေက ​နေ​ရောင်​အောက်မှာ တလက်လက်။ ပြတင်းတံခါးဖွင့်လိုက်​တော့ ပင်လယ်သံက အထပ်မြင့်အထိ တ​ဝေါ​ဝေါတက်လို့လာသည်။ ​နေရှိန်​သေးတဲ့အချိန်ဖြစ်တာ​ကြောင့် ကမ်း​ခြေမှာ လူသိပ်မရှိ။ည​နေ​စောင်းရင်​တော့ ​ရေကူးတဲ့သူ​တွေ၊ ကမ်း​ခြေမှာလမ်း​​လျှောက်သူ​တွေနဲ့ စည်ကားမည်ထင်သည်။

"လှလိုက်တာ... ရောက်​ရောက်ချင်း ပင်လယ်မှာ သွား​အော်ချင်တာကို"

ဟယ်ရာက မ​ကျေမနပ်နှင့် စူပွပွ​ပြောသည်။ ဟယ်ရာမ​ကျေနပ်မယ်ဆိုလည်း မ​ကျေနပ်စရာ။ ဟယ်ရာကလွဲလို့ကျန်တဲ့သူ​​​တွေက ​ရောက်​ရောက်ချင်း ပင်လယ်ကိုမသွားချင်။ ​နေပူတာ​ကြောင့်​ရော ခရီးပန်းတာ​ကြောင့်ပါ ​ရေချိုးဖို့ပင် တာစူ​နေခဲ့ကြသည်။ ​ရေချိုးပြီးရင် ​နံရံ​ဆေး​ရေးပန်းချီ​တွေရှိတဲ့ ရပ်ကွက်ကိုလည်ကြမည်။ လည်ပြီးရင် ည​နေစာစား ကမ်း​ခြေဘက်ကို စား​သောက်ပြီးမှ လမ်း​လျှောက်ထွက်ကြမည်။ မနက်ဖြန် ​ည​နေမှပြန်မှာဖြစ်တာ​ကြောင့် မနက်ဖြန်မနက်တစ်ပိုင်းလုံး​တော့ ​ရေ​ဆော့ကြမည်။ ဒီအစီအစဥ်​တွေက ​ယောကျာ်း​လေးနှစ်​ယောက် ဆွဲထားတာချည်း။ ယယ်ဂျင်းလည်းသ​ဘောတူတာ​ကြောင့် ပင်လယ်အရင်ဆင်းချင်သည့် ဟယ်ရာက သုံးမဲတစ်မဲနှင့်ရှုံးသည်။ အများနဲ့တစ်​ယောက်ဖြစ်​နေတာ​ကြောင့် ဘာမှမ​ပြောသာ​ပေမယ့် သိပ်​တော့မ​ကျေနပ်။

In a Long DreamWhere stories live. Discover now