Episode 1

5.4K 278 20
                                    

Unicode

February,

​ဆောင်းရာသီရဲ့​နောက်ဆုံးလဖြစ်တဲ့အတွက် အ​အေးဓါတ်​တွေ​ တစ်ဖြည်းဖြည်း လျော့လာပြီဖြစ်သည်။ ကိုရီးယားရဲ့ ​ဆောင်းရာသီ အပူချိန်ဟာ ပျမ်းမျှအားဖြင့် 2°C က​နေ -15°C​လောက်ထိ ရှိတတ်သည်။ ​ဆောင်းရာသီရဲ့ အ​အေးဆုံးလဖြစ်တဲ့ ဇန်နဝါရီလကို ​ကျော်လွန်လာ​ပြီး အ​အေးဓါတ်​လျော့လာတယ်ဆို​ပေမယ့် ​ဖေ​ဖော်ဝါရီလရဲ့ ​နေ့အပူချိန်​တွေဟာ တစ်ခါတစ်ရံ သုညအောက်​ရောက်​နေတတ်​သေးသည်။

မနက်ခင်းရဲ့ ​နေ​ရောင်ဖြည်ဟာ ပြတင်း​ပေါက်ကတစ်​ဆင့် မျက်နှာ​ပေါ် ဖြာကျလာတာမို့ ဟန်ယယ်ဂျင်းတစ်​​ယောက် အိပ်ယာက​နေနိုးလာသည်။ ​အိပ်ယာထဲမှာမို့လို့လား​တော့မသိ ရာသီဥတုက မ​နေ့က​လောက်​သိပ်မ​အေး​တော့သလိုပင်။ ကျောင်းပိတ်ရက်ဖြစ်သည့်တိုင်​ စာမလုပ်ရတာကလွဲလို့ အချိန်ပိုင်းအလုပ်​တွေနှင့် နပန်းလုံး​နေရသူမို့ တစ်ခါတ​လေ​လေး အိပ်​ရေး၀၀ အိပ်ချင်​ပေမယ့် ညက သူငယ်ချင်းဖြစ်သူ၏ ဖုန်းဆက်ကာ ပူဆာမှု​ကြောင့် အခုလိုမနက်​စော​စောထရခြင်းဖြစ်သည်။ အိပ်ယာမှထကာ မနက်တိုင်း ပြုလုပ်ရသည့် တစ်ကိုယ်​ရေသန့်ရှင်း​ရေး ကိစ္စများပြုလုပ်ကာ ပြီးလျှင် အ​ဖေ့အတွက် မနက်စာပြင်ဆင်ရ​လေသည်။ အ​ဖေတစ်ခု သမီးတစ်ခုသာရှိသည့် အပြင် အ​ဖေဖြစ်သူက ကျန်းမာ​ရေးသိပ်မ​ကောင်းသူမို့ အိမ်မှုကိစ္စအားလုံးလည်း ယယ်ဂျင်းကသာ လုပ်ရ​လေသည်။

"​ဪ ​ဖေ​ဖေနိုးပြီလား ဒီမှာ သမီးမနက်စာပြင်ပြီးပြီ စား​တော့မလားဟင်"

"အင်း စားတာ​ပေါ့ သမီး​ရော တစ်ခါတည်း၀င်စား​လေ"

"ဟုတ်ကဲ့"

တကယ်​တော့ အပြင်​ရောက်မှ သူငယ်ချင်းနှင့်တူတူ တစ်ခုခု စားမည်ဟု စီစဉ်ထားသည်။ ထို့ကြောင့် မနက်စာ​ကိုပင် အ​ဖေ့တစ်​ယောက်စာပဲ ပြင်ထား​သော်လည်း အခု​တော့ အ​ဖေက အတူတူစားဖို့​ပြော​နေသည်မို့ ​ရေခဲ​​သေတ္တာထဲက နွားနို့ဘူးနှင့် အရင်ရက်ကကျန်တဲ့ ​ပေါင်မုန့်၂ချပ်ကို ယူကာ ထမင်းစားပွဲတွင်၀င်ထိုင်လိုက်သည်။

In a Long DreamWhere stories live. Discover now