Thank you💜

1.3K 104 57
                                    

အရင်ဆုံး အားလုံးပဲ Happy new yearပါ🥳

​နောက်ဆုံး​တော့ In a long Dream​လေးနဲ့ ခွဲရပြီ​ပေါ့။ ပထမဆုံး ​စပြီး ​ရေးတဲ့ficမို့ လိုအပ်ချက်​တွေက ကျိန်း​သေ​ပေါက်ရှိ​နေမှာ​ပေမယ့် ဇာတ်သိမ်းအထိ တူတူရှိ​နေ​ပေးကြတဲ့ စာဖတ်သူ​တွေကို ​ကျေးဇူးတင်ပါတယ်။ တကယ်​တော့ ဒီfic​လေးမှာ ​​နောက်ထပ်ကျေးဇူးတင်ရမယ့်သူ​တွေရှိပါတယ်။

1. Thank you
ဒီfic စ​ရေးဖို့ စိတ်ကူး​တော့ အရင်ဆုံး ​ရေးလို့ဖြစ်မှဖြစ်ပါ့မလားဆိုပြီး ​တော်​တော်စိုးရိမ်ခဲ့ပါတယ်။ ပထမဆုံးဆို​တော့ မ​ရေးရဲတာလည်း ပါပါတယ်။ ဒါ​ပေမယ့် စာ​ရေးသူရဲ့ အရင်းနှီးဆုံး သူငယ်ချင်းနှစ်​ယောက်က ​ရေးချင်ရင် ​ရဲရဲသာရေးပစ်လိုက်ပြီဆိုပြီး အား​ပေးခဲ့ကြလို့ ​ရေးဖြစ်ခဲ့တာပါ။ ဘယ်သူမှမဖတ်လည်း ငါတို့ဖတ်​ပေးမယ်ဆိုပြီး ​အားတက်သ​ရောနဲ့ကို ​ရေးဖို့​ပြောခဲ့ကြတာပါ။ သူတို့နှစ်​ယောက်​ကြောင့် ဒါ​လေးကို စိတ်ကူးထဲမှာ ​ရေး​နေရာက​နေ wpထဲမှာ တကယ်ချ​ရေးဖြစ်ခဲ့ပါတယ်။ တစ်ပိုင်းပြီးတစ်ပိုင်းလည်း feedback​တွေ လာ​ပေးရင် လိုတဲ့​နေရာ​တွေ​ထောက်ပြ​ပေး ​ကောင်းရင်လည်းချီးကျူး​ပေးကြလို့ သူငယ်ချင်းနှစ်​ယောက်ကို တကယ်​ကျေးဇူးတင်မိတာပါ။ (နှစ်​ယောက်ထဲက တစ်​ယောက်ဆိုရင် fandomလည်းမတူဘဲ မငြီးမငြူဖတ်​ပေးခဲ့တာပါ) Fic coverအတွက်​ရော Titleအတွက်​ရော ဝိုင်းပြီးစဥ်းစား​ပေးတဲ့ သူငယ်ချင်းကိုလည်း​ကျေးဇူးပါ။​နောက်ထပ် ​ကျေးဇူးထပ်တင်ချင်တာ​တော့ စာဖတ်သူ​တွေပါပဲ။ update​တွေ လာ​တောင်းကြ သ​ဘောကျ​ကြောင်း​တွေလည်း ​ပြော​ပေးကြတာမို့ တကယ်အားရှိပါတယ်။ ထပ်ပြီး​ကျေးဇူးတင်ပါတယ်လို့​ပြောချင်ပါတယ်။💜

2.Ending
နှစ်သစ်မှာ ၀မ်းနည်းသွား​စေတယ်ဆိုရင်​တော့ ​တောင်းပန်ပါတယ်။ ဇာတ်လမ်းစစဥ်းစားကတည်းက ဒီလို Endingကိုပဲ ​ရေးမယ်လို့ ဆုံးဖြတ်ထားပြီးသားဖြစ်လို့ပါ။(တကယ်​​တော့ ၃၁ရက်​နေ့ညမှာပဲ တင်​​ပေးလိုက်ချင်တာ အမှား​တွေပြင်ရင်း ကြာသွားပြီး ည၁၂နာရီ​ကျော်သွားတာ​ကြောင့် နှစ်သစ်ထဲပါသွား​ရော😢) ​နောက်ဆုံးမှာ ပြန်အဆင်​ပြေ​စေချင်ပြီး HE​မျှော်လင့်ထားတဲ့သူ​တွေက​​တော့ ​ခံစားသွားရမယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီEndingက ဇာတ်​ဆောင်နှစ်​ယောက်လုံးအတွက် မျှတတယ်လို့မြင်​ပါတယ်။ စာဖတ်သူတို့ စိတ်ထဲမှာ ဒီဇာတ်သိမ်းနဲ့ ပတ်သက်ပြီး ​ပြောချင်တာရှိရင်လည်း ​ပြောခဲ့​ပေးပါ။

In a Long DreamWhere stories live. Discover now