Episode 7

1.5K 176 22
                                    

Unicode

"ဟယ်ရာ ခဏ​စောင့်ပါဦး"

အတန်းထဲမှ ထွက်သွား​သော ဟယ်ရာ့​​နောက်သို့ ယယ်ဂျင်းအ​ပြေးလိုက်သွားသည်။ ​ကျောင်းဆင်းချိန်မို့ ​ကော်ရစ်ဒါတစ်​လျှောက်ရှိ များပြားလှ​သော ​ကျောင်းသားများကို​ ​ရှောင်ရှားရင်း ဟယ်ရာ့လက်ကို လှမ်းဆွဲလိုက်သည်။

"နင်ကလည်း မြန်လိုက်တာ ငါ့​တောင်မ​စောင့်ဘူး"

ဟယ်ရာ့လက်​​မောင်းကို တွယ်လိုက်ရင်း ယယ်ဂျင်း​ပြောလိုက်​သော်လည်း ဟယ်ရာက​ တုတ်တုတ်ပင်မလှုပ်။ ယယ်ဂျင်းကိုလည်းမကြည့်။ ​လှမ်းမြဲ​ခြေလှမ်းအတိုင်းသာ ခပ်သွက်သွက်​လျှောက်​နေ​လေသည်။ ဟိုတစ်​နေ့က ကန်တင်းမှာ ထယ်​ယောင်းနှင့် ကိစ္စသိပြီးတည်းက ဟယ်ရာ ယယ်ဂျင်းကို စိတ်​ကောက်​နေသည်ပင်။ စကား​ကောင်း​ကောင်းမ​ပြောသည်ပင် တစ်ပတ်​လောက်ရှိ​တော့မည်ထင်သည်။ ထိုတစ်ပတ်အတွင်းတွင်လည်း ထယ်​ယောင်းသည် ယယ်ဂျင်းဆီသို့ ​​ရောက်​ရောက်လာကာ စကား​ပြောလိုက် ထမင်းအတူစားလိုက်နှင့် ကူးလိုက်သန်းလိုက်ရှိခဲ့သည်။ ယယ်ဂျင်းအ​နေနှင့်လည်း ထယ်​ယောင်းအ​​ပေါ် အရင်ကလို ​ကြောက်ရွံ့တာမျိုးမရှိ​တော့ဘဲ ရင်းနှီးလာသည်။ ထယ်​ယောင်းနှင့်ရင်းနှီးလာသည်နှင့်အမျှ ပတ်၀န်းကျင်က ​ယယ်ဂျင်းကိုပို၍ ​မေး​ငေါ့လာကြသည်။ အထူးသဖြင့် မိန်းက​လေးများပင်။

"ဟဲ့ မျက်နှာကြီးပုပ်မ​နေပါနဲ့ စကားနည်းနည်း​ပြောရ​အောင် ​နော်"

အ​ဆောင်​လှေကားမှဆင်းလာကာ လူရှင်းသည့်နားသို့ ဟယ်ရာ့ကိုဆွဲ​ခေါ်ခဲ့သည်။ ဟယ်ရာက​တော့ အင်းမလုပ်အဲမလုပ်ဖြင့် ယယ်ဂျင်း​ခေါ်ရာသို့ ပါလာသည်။

"နင် ငါ့ကို အခုထိစိတ်​ကောက်တုန်းလား"

ဟယ်ရာနှင့်မျက်နှာချင်းဆိုင်ရပ်ကာ ယယ်ဂျင်း​မေးလိုက်သည်။ ထိုအခါ ​ခေါင်းငုံ့ထားသည့် ဟယ်ရာမှာ ​​ခေါင်းကို​မော့လိုက်ရင်း ယယ်ဂျင်းမျက်နှာကိုကြည့်ကာ​ဖြေသည်။

"စိတ်​ကောက်တာမဟုတ်ဘူး စိတ်ဆိုးတာ"

"စိတ်ဆိုးတာဆိုလည်း အခု​ပြေလိုက်ပါ​တော့​ဟာ ငါလည်း မ​ပြောချင်လို့မ​ပြောခဲ့တာမှမဟုတ်ဘဲ"

In a Long DreamWhere stories live. Discover now