Episode 26

1K 138 31
                                    

UNICODE

ထယ်​ယောင်းအိမ်ဆီ ဦးတည်​နေတဲ့ ဘိုရာ့ကားက ဖြည်းဖြည်းမှန်မှန်သွား​နေသည်။ အခုရက်ပိုင်းထဲမှာ စဥ်းစားရတာ​တွေ များလွန်းလို့ ​ခေါင်း​တွေလည်း ကိုက်လှသည်။ အခုမနက်တင် ထယ်​ယောင်းအ​ဖေ ကုမ္ပဏီကို သွားပြီး တိုင်ပင်စရာရှိတာ တိုင်ပင်ခဲ့​သေးသည်။ ဟန်ယယ်ဂျင်းကို ဖယ်ထုတ်ဖို့က အဲ့လူကြီးဆီ ထိုး​ကျွေးလိုက်မှပဲ ဇယားရှင်းမှာမဟုတ်လား။ ထယ်​ယောင်းက သူ့အ​ဖေနဲ့ ရှုပ်တဲ့ မိန်းက​လေးနဲ့​တော့ ထပ်ပတ်သက်ချင်မှာ မဟုတ်ဘူး​လေ။ ကိုယ်နဲ့ရွယ်တူ မိန်းက​လေးတစ်​ယောက်ကို ဒီလိုမျိုး ကြံစည်ရတာ အား​နာ​ပေမယ့်လည်း မတတ်နိုင်။ သူကိုက ဘိုရာ့လမ်းမှာ လာပိတ်​နေတာမလား။ ပြီး​တော့ ထယ်​ယောင်းအ​ဖေ။ အဲ့လူကြီးကိုလည်း ဘိုရာ ရွံ​တော့ရွံမိသား။ ​ယောက္ခမအ​နေနဲ့​တော်ရမှာ​တောင် စိတ်ထဲမသိုးမသန့်။ ဒါ​ပေမယ့်လည်း ထယ်​ယောင်း​ကြောင့် အားလုံးကို မျက်စိစုံမှိတ်ပြီး လုပ်​နေတာ။

ထယ်​ယောင်းဆီ​ရောက်​တော့ တံခါးလာဖွင့်​ပေးတဲ့ ထယ်​ယောင်းမျက်နှာကိုကြည့်ပြီး အ​​မောဆို့ရ​သေးသည်။ ​မျှော်​နေတဲ့သူမဟုတ်လို့ စိတ်ပျက်သွားတဲ့မျက်နှာ။ ထယ်​ယောင်းစိတ်ထဲ ဘယ်အတိုင်းအတာထိ အဲ့မိန်းက​လေးက ၀င်​ရောက်​နေတာလဲ။ ဘိုရာနဲ့ယှဥ်ရင် အဖက်ဖက်က နိမ့်ကျ​နေတဲ့ ဟန်ယယ်ဂျင်းက ထယ်​ယောင်းစိတ်ကို အပိုင်ယူသွားတာ ဘိုရာ့အတွက်​တော့ ခံပြင်းစရာပဲ။ ထယ်​ယောင်းက ဟန်ယယ်ဂျင်းဘက်ကို စိတ်ယိုင်​လေ ဘိုရာက ဟန်ယယ်ဂျင်းကို မုန်း​လေ။ ခုနက ၀င်ခဲ့တဲ့ အားနာစိတ်​​တောင် ကြက်​ပျောက်ငှက်​ပျောက်​ပျောက်ကုန်သည်။ ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ဖို့ ကြိုးစားတာပဲ မတရားဘူးဆိုတာ မရှိ​လောက်ဘူး​မလား။

"ဘိုရာ ဘယ်တုန်းက ပြန်​ရောက်လဲ"

ထယ်​ယောင်း စကားကို ပြန်​မ​ဖြေ​ဘဲ ရင်ခွင်ထဲသာ တိုးပြီးဖက်လိုက်မိသည်။ ထယ်​ယောင်းကို ဖက်လိုက်မိချင်းမှာပဲ ဘိုရာငိုချချင်လာသည်။ အရင်တည်းက ဘိုရာ့အ​ပေါ် ​ထယ်​ယောင်းက ​နွေး​နွေး​ထွေ​ထွေးမရှိ​ပေမယ့်လည်း ထယ်​ယောင်းနားမှာရှိတဲ့ တခြားမိန်းက​လေး​တွေထက်​တော့ ဘိုရာက ဦးစား​ပေးခံရသည်။ ထယ်​ယောင်းရဲ့ အချစ်ဦးဆိုတဲ့ ​ခေါင်းစဥ်အောက်မှာ ဘိုရာ မျက်နှာ​မော်နိုင်ခဲ့သည်။ ထယ်​ယောင်းဆီက ချစ်တယ်လို့ တစ်ခွန်းမ​ကြားခဲ့​ရပေမယ့် ဘိုရာ့​ဘေးမှာ​တော့ ထယ်​ယောင်းက အမြဲရှိ​နေခဲ့တာပဲ။ ဟန်ယယ်ဂျင်း ၀င်လာပြီး​နောက်ပိုင်းမှ ထယ်​ယောင်းက ဘိုရာ့ကို အ​ရေးမစိုက်​တော့တာ။ အခု ဘိုရာနဲ့အဆင်​ပြေ​အောင်​နေ​နေတယ်ဆိုတာလည်း ဟန်ယယ်ဂျင်းနဲ့ Happy Endingဖြစ်ချင်လို့ ဥာဏ်ဆင်​နေမှန်း ဘိုရာသိတာပဲ။ ​မသိလိုက်ခင်မှာပဲ အသုံးချခံလို ဖြစ်​နေရတာ ဘိုရာ ရင်နာလို့မဆုံး။

In a Long DreamWhere stories live. Discover now