Episode 16

1.4K 166 17
                                    

UNICODE

ကား​လေးက လမ်း​ပေါ်မှာ တရိပ်ရိပ်​ပြေးလို့နေသည်။ ပတ်၀န်းကျင် မြင်ကွင်းတို့က တစ်ချက်တစ်ချက် ဝဲတက်လာတဲ့ မျက်ရည်တို့​ကြောင့် ​ဝေ​ဝေဝါးဝါး။ ကားထဲမှာလည်း အဲကွန်းထဲမှထွက်လာသည့် ​လေသံမျှင်းမျှင်းကို​တောင် ကြားရ​လောက်​အောင်အထိ တိတ်ဆိတ်လျက်။

"ယယ်ဂျင်း"

​ကား​မောင်း​နေသည့် ဂျီမင်းမှ လှမ်း​ခေါ်လိုက်သံ​ကြောင့် ယယ်ဂျင်း လှည့်ကြည့်လာသည်။

"အဆင်​ပြေရဲ့လား"

ယယ်ဂျင်း ပြုံးရုံသာ ပြုံးပြပြီး အ​ဖြေ​ပေးလိုက်သည်။ တကယ်တမ်း ယယ်ဂျင်း အဆင်မ​ပြေမှန်း မျက်နှာကြည့်ရုံနဲ့ ဂျီမင်း တန်းသိတာပဲ။ အရင်ကထက် ​ပိုပါးသွားတဲ့ မျက်နှာ​လေးနဲ့ ၀မ်းနည်းမှု​တွေ ဝိုင်းရံ​နေတဲ့ မျက်၀န်း​တွေက သက်​သေ​ပဲ​လေ။

စိုးရိမ်​ပေမယ့် မပိုင်ဆိုင်တဲ့သူ ဖြစ်​နေရတဲ့အခါ ဘာမှမလုပ်​ပေးနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ရင်နာရပြန်သည်။ ဖြစ်နိုင်ရင် ဂျီမင်းက ယယ်ဂျင်းကို ရင်ခွင်​နွေး​နွေးထဲ ထည့်ကာ ချစ်ခြင်း​တွေ အလျှံအပယ်​ပေးလိုက်ချင်တာ။ ချစ်လျက်နဲ့ ငေးကြည့်ရုံသာ တတ်နိုင်တဲ့အခါ နာကျင်မှုကနှစ်ဆ။

မ​​နေ့ညက ထယ်​ယောင်းနဲ့ စကား​ပြောပြီးတဲ့အခါ သူငယ်ချင်းဖြစ်သူရဲ့ စိတ်ကို ​သေချာသိသွားတာမို့ ယယ်ဂျင်းနဲ့ အဆင်​ပြေ​အောင် ဖန်တီး​ပေးချင်လာသည်။ တစ်ဖက်က အချစ်ဆုံး သူငယ်ချင်း၊ တစ်ဖက်က ချစ်ရတဲ့ မိန်းက​လေးဖြစ်​ပြီး နှစ်​ယောက်သားရဲ့ ချစ်ခြင်း အတိမ်အနက်ကိုပါ သိရတဲ့အခါ ဂျီမင်းက ​ပေါင်းကူးတံတားဖြစ်​ပေးချင်သည်။ ကိုယ့်နှလုံးသားကို ချခင်း​ပေးရင်း​လေ။ အထိအခိုက် အပွန်းအပဲ့​တော့ ရှိတာ​ပေါ့။

ယယ်ဂျင်းက ဂျီမင်းကိုယ်တိုင် စိတ်လိုလက်ရ ရှာ​ဖွေထားတဲ့ ဝဋ်​ကြွေး​လှလှလေး~

အခုလည်း ထိုဝဋ်​​ကြွေး​လေးရဲ့ ပိုင်ရှင်ရှိရာကို ကိုယ်တိုင် ခေါ်​လာ​ပေးမိသည်။ ကမ်းတဲ့လက်ကို မငြင်းပယ်ခဲ့တာ ဂျီမင်း​ဖြစ်​နေလို့ မဟုတ်ဘဲ တစ်ဖက်က သူ​ရောက်ချင်တဲ့ ​အရပ်မို့သာ ယယ်ဂျင်းက အကူအညီဖြစ်ရုံ​လောက်​လေး လှမ်းဆွဲထားမှန်း သိ​ပေမယ့် ဂျီမင်းက အပြစ်မတင်ရက်။ ယယ်ဂျင်း စိတ်ချမ်းသာမယ့် အရပ်ဆို ဂျီမင်းက ဆိုက်ဆိုက်မြိုက်မြိုက် ပို့​ပေးမှာပါပဲ။

In a Long DreamWhere stories live. Discover now