Episode 25

1.1K 145 26
                                    

UNICODE

ခရီးကပြန်​ရောက်ပြီးတည်းက ထယ်​ယောင်းတစ်​ယောက် ​ယောင်ချာချာဖြစ်ရသည်။ ယယ်ဂျင်းက ​ကျောင်းပိတ်တုန်း ပိုက်ဆံရှာလို့ရသမျှ သိမ်းကြုံးရှာမည်ဆိုပြီး အချိန်ပိုင်းအလုပ်​တွေ ​​နေ့​နေ့ညညလုပ်​နေလို့ဖြစ်သည်။ ဂျီမင်းကလည်း ပိတ်ရက်မှာ သူ့အဖိုးအဖွား​တွေရှိတဲ့ ဘူဆန်ကို ပြန်သည်။ အပြင်လည်း သိပ်မထွက်တတ်တဲ့ ထယ်​ယောင်းက တစ်​​နေ့လုံး အိမ်မှာပဲ ပျင်းပျင်းရိရိ ​နေ​နေရသည်။ ညဘက်ဆိုရင်​တော့ ယယ်ဂျင်းအလုပ်ဆင်းချိန်မှာ သွားကြို​​ပေးသည်။ အရင်က ဂျီမင်းကို အပ်ထားခဲ့​ပေမယ့် ​နောက်​ယောင်ခံမယ့်သူ​တွေ မရှိ​တော့တာကတစ်​ကြောင်း၊ ဘိုရာလည်းမရှိတာ​ကြောင့်ပါ ထယ်​ယောင်း လွတ်လပ်​နေတာဖြစ်သည်။

ည၁၀နာရီမှာ ယယ်ဂျင်း အလုပ်ဆင်းမှာမလို့ ထယ်​ယောင်း ၉နာရီခွဲ​လောက်မှာ အိမ်ကထွက်သည်။ ​တစ်​နေ့လုံး​နေမှ ဒီအချိန်​တစ်ချိန်ပဲ​တွေ့ရတာကို ထယ်​ယောင်းအားမရနိုင်။ ဖုန်းဆက်လည်း ယယ်ဂျင်းက အလုပ်မအားဆိုတာနဲ့ပဲ ​ကိုင်​ကိုင်ပေါက်လို့ ကြာကြာမ​ပြောရ။ messageပို့လည်း နဂိုတည်းက ယယ်ဂျင်းကစကားနည်းတဲ့သူမို့လားမသိ "အင်း"တစ်လုံးကိုသာ ပြန်ပြန်ပို့သည်။ ယယ်ဂျင်း ကီးဘုတ်မှာ "အင်း"ဆိုတာ ရိုက်ဖို့ပဲ စကားလုံးပါတာလားလို့ပင် ထယ်​ယောင်း စဥ်းစားမိသည်။

"စားပြီးပြီလား"ဆိုလည်း "အင်း"
"ချစ်လား"လို့ ​မေးလည်း "အင်း"တစ်လုံးပဲ။
"လွမ်းတယ်"လို့ ​ပြောလိုက်ရင်​​​တော့ "မ​နေ့ကလည်း​​​တွေ့ထားပြီးသား ညကျလည်းထပ်​တွေ့ရမှာပဲကို၊ အချိန်ရတုန်း အကျိုးရှိတာ တစ်ခုခုလုပ်​နေမှ​​ပေါ့" စသည်ဖြင့် တန်းစီအဆူခံရ​တော့တာပဲ။

ဒီ​လောက် အဆူခံထားရတာကို လက်ထပ်ပြီးလို့က​တော့ အတိုးနဲ့ကို အပြစ်​ပေးပစ်မယ်လို့ ထယ်​ယောင်းက ​​​တေးထား​သည်။ ကိုယ့်အ​တွေးကို တစ်​ယောက်တည်း သ​ဘောကျပြီး ကြိတ်ပြုံးမိ​သေးသည်။

ယယ်ဂျင်း ဆိုင်​ရှေ့​ရောက်​တော့ ၁၀နာရီမထိုး​သေးတာ​ကြောင့် ထယ်​ယောင်း ကား​ပေါ်ကပဲ​စောင့်​​နေလိုက်သည်။ ဆိုင်က ကားလမ်း​ဘေးမှာရှိပြီး ထယ်​ယောင်းကားရပ်ထားတာနဲ့ ပလက်​ဖောင်းပဲခြားတာမို့ ဆိုင်ကိုလှမ်းမြင်​နေရသည်။ မှန်ကာထားတာ​ကြောင့် ဆိုင်အတွင်းမှာ အလုပ်လုပ်​နေတဲ့ ယယ်ဂျင်းကိုလည်း မြင်ရသည်။ လူ​ကောင်​သေး​သေးနဲ့ ​ဆိုင်ထဲမှာ ​ပြေးလွှား​နေတဲ့ ယယ်ဂျင်းက ပင်ပန်းပုံ​မပေါ်။ ပုံမှန်ဆိုရင် တစ်​ယောက်တည်း ​အေး​အေးလူလူ​နေတတ်​ပေမယ့် အလုပ်လုပ်ရင်​တော့ တက်တက်ကြွကြွနဲ့ မခိုမကပ်ဘဲ လုပ်တတ်တဲ့ ယယ်ဂျင်းပုံစံက တစ်မျိုးဆွဲ​ဆောင်မှုရှိသည်။

In a Long DreamWhere stories live. Discover now