[ Unicode ]
" လက်ယာမောင် ! အခုချက်ချင်း ဒီကိုလာခဲ့! "မနက်အစောကြီးမှာ သာယာလိုက်တဲ့အသံလေး ။ မနေ့ညကလည်း New Year pre-party ညစာစားပွဲမှာ အသောက်လွန်ထားတာမလို့ လက်ယာ ချက်ချင်းမထနိုင်သေး ။ ခေါ်တာကြားပါလျက်နဲ့ စောင်ပုံထဲပြန်ခွေနေလိုက်သည် ။
" လက်ယာမောင်! ငါခေါ်နေတာမကြားဘူးလား ၊ သေချင်နေပြီလား ! "
ရာသီဉတုက အတော်လေးမသာယာတော့တာမို့ ငုတ်တုတ်ထထိုင်လိုက်သည် ။
" ကိုကိုရာ ၊ ဘာလို့လဲ အစောကြီးရှိသေးတာကို ၊ မောင် အိပ်ရေးမဝသေးဘူး "
ပါးစပ်ကတော့ ပွစိပွစိလုပ်ရင်း ၊ ခြေထောက်ကတော့ ခေါ်သံနောက်အရောက်သွားရင်ပေါ့ ။
" ဒါ ဘာလဲ "
" ဟင် "
တွေ့ပါပြီ၊ အစောကြီးအဆူခံရအောင်လုပ်တဲ့ တရားခံ ။ အိပ်ချင်နေတဲ့မျက်လုံးတွေပင် ပြူးကာ ဝိုင်းစက်သွားရချေ၏ ။
အကြောင်းကား...
အဝတ်လျှော်စက်ဘေးရပ်၍ လက်ယာရဲ့ အင်္ကျီ အဖြူကို ကိုင်ထားတဲ့ ကိုကို။ ပြသနာက အင်္ကျီ မဟုတ်။ ထိုအင်္ကျီပေါ်က နှုတ်ခမ်းနီရာ။
ဆောင်းတွင်းကြီးမိုးကြိုးပစ်ခံလိုက်ရသလို ခေါင်းမွှေးထောင်သွားရသည် ။
ကိုကို သူ့ကိုကြည့်နေတဲ့အကြည့်က ကြောက်စရာကြီး ။ သတ်တော့ဖြတ်တော့မတတ်ပဲ ။
တံထွေးတစ်ချက်မြိုချလိုက်၏ ။
' မြတ်စွာဘုရား ကယ်တော်မူပါ '
" ရှင်းစမ်းပါဉီး ဒီကိစ္စကို "
" ဟိုလေ..ကိုကို အဲ့ဒါက မောင်ပြောမယ် ၊ သေချာနားထောင်နော် "
မျက်လုံးစိမ်းစိမ်းကြီးတွေနဲ့ကြည့်နေတာက လျော့ကျမသွား ။ ချွေးစေးထွက်ချင်နေတဲ့ လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက်ရင်း..
" မနေ့ညက ပါတီမှာ ကိုကိုမှာတဲ့အတိုင်း မောင် ဘယ်မိန်းကလေးနဲ့မှ မရောဘူး ၊ ထောင့်ဆုံးစားပွဲမှာ တစ်ယောက်တည်းထိုင်နေတာ "
စကားကိုခနရပ်ပြီး ကိုကို့မျက်နှာရိပ်ကိုလည်း ကြည့်ရသေးသည် ။ ငြိမ်ငြိမ်လေးနားထောင်နေပုံထောက် ၊ အင်း.. ဒီလောက်ဆို အခြေအနေမဆိုးဘူး။
YOU ARE READING
မောင့် အလိုကျ [Completed]
Romance[This fiction is written with both Unicode and Zawgyi]