Part 6

41.9K 3.7K 245
                                    

[ Unicode ]

သို့ပေမဲ့လည်း
ပြောခွင့်ရရင် တစ်ခုတော့ပြောချင်သေးတယ်။
ကြိုးဆွဲရာ ကနေတဲ့
အရုပ်ကလေးမှာလည်း
အသည်းနဲ့ပါ ခင်ဗျားရေလို့ . . . .။

__________________

Ring..Ring..Ring

တတီတီမြည်နေတဲ့ဖုန်းသံကြောင့် စောင်ပုံထဲက လက်တစ်ဖက်ထွက်ကာ မျက်လုံးမဖွင့်ဘဲ ဖုန်းကိုလှမ်းကိုင်လိုက်သည် ။

" Hello "

"..."

မွေးဖခင်ရဲ့အသံက တော်တော်လေး ဒေါသစွက်နေသည်ကို ဖုန်းထဲကပင် အတိုင်းသားကြားရတာကြောင့် ဖုန်းကို နားနဲ့အနည်းငယ်ခွာလိုက်ရ၏ ။

" ဗျာ! ဆေးရုံရောက်နေတယ်ဟုတ်လား "

"....."

" ဟုတ် ဟုတ် ကျွန်တော်အခုလာခဲ့မယ် "

သူ ဆေးရုံရောက်နေသည်တဲ့ ။

ဆေးရုံနာမည်ကိုခေါင်းထဲစွဲအောင်မှတ်၍ ခြေအိတ်ကောက်စွပ်ကာ ဝရုန်းသုန်းကားထပြေးရသည် ။ အလျင်လိုပြီဆိုမှ Receptionမလေးက ဟ်ိုတယ်ခလိုက်တောင်း၍ နောက်ပြန်လှည့်ကာ ကောင်တာသွားပြီး အခန်းခရှင်းရသေး၏။

အိပ်ယာထစဖြစ်သည်မို့ မျက်နှာမသစ်၊သွားမတိုက်ရသေး ။ ဂျယ်နဲ့ပုံသွင်းထားတဲ့ ဆံပင်ကလည်း ပုံပျက်ပန်းပျက် ။ ရှိစေတော့... ။ ဟိုကျရင် နှစ်ဖက်မိဘတွေကို ဘယ်လိုဖြေရှင်းချက်ပေးရမလဲသာ စဉ်းစားပေတော့ လက်ယာ ။

မီးပွိုင့်မိနေတုန်း ခေါင်းကိုတဗျင်းဗျင်းကုပ်ကာ ဆင်ခြေဆင်လက်ကို အပြေးစဉ်းစားရသည် ။ သူငယ်ချင်းမွေးနေ့ရှိလို့ အပြင်မှာသွားသောက်ကြရင်း ညနက်လို့ပြန်မလာဖြစ်တာဆိုရင်ကော ။အာ.. မဖြစ်ဘူး မဖြစ်ဘူး မနေ့က လက်ယာမွေးနေ့ဉစ္စာ။ မွေးနေ့တူတယ်လို့ပြောရင် ဘယ်သူကယုံမှာတဲ့လဲ ။ အဲ့ဒါဆို ကုမ္ပဏီမှာ အချိန်ပိုဆင်းတယ်လို့ပြောရင်ရော ၊ အဲ့ဒီနည်းလမ်းကလည်း အလုပ်မဖြစ် ။ ကုမ္ပဏီပိုင်ရှင်က လက်ယာရဲ့ဖခင်မို့ လက်ယာ ညာလိုက်သည်နှင့် ဂွိခနဲတန်းမိမည့်အဖြစ် ။

ဆေးရုံခန်းရှေ့ရောက်သည့်တိုင် ကြံရာမရသည့်အဆုံး ကြည့်ပြောတာပေါ့ဟုသဘောပိုက်ကာသာ ဝင်လာခဲ့တော့သည် ။

မောင့် အလိုကျ [Completed]Where stories live. Discover now