Part 15

39.6K 3.1K 235
                                    

[ Unicode ]

မောင့်မှာ သတ္တိမရှိတော့ဘူး ကိုကို
မောင် ကိုကို့ဆီက ခွင့်လွှတ်မှုကို မမျှော်လင့်ရဲတော့ဘူး
__________________

မိုးလင်းပြီဆိုတဲ့အသိကြောင့် လက်ယာနိုးလာတော့ မျက်လုံးတွေကလည်း ကျိန်းစက်လို့ ။ တစ်ညလုံး ဆိုဖာပေါ်ခေါင်းအပ်ကာအိပ်ပျော်သွားတာမလို့ သက်တောင့်သက်သာမအိပ်ရတဲ့ အနေအထားမှာ လူတစ်ကိုယ်လုံး ခဲဆွဲထားသလို လေးလံနေသည် ။

မနက်ခင်းကိုစတင်ဖို့ ခြေအစုံကိုရပ်ကာ အားသစ်မွေးလိုက်၏။ ပြတင်းတံခါးလိုက်ကာကိုဖွင့်၍ နေခြည်နွေးနွေးကိုခံယူလိုက်သည်။ ဒါက တစ်နှစ်ပတ်လုံး နေ့နေ့ညညမသဲကွဲခဲ့တဲ့ရက်တွေကျော်လွန်ပြီး ပထမဆုံးလုပ်မိတဲ့အရာ။

အသက်ဝဝရှူအပြီး ခြေလှမ်းတွေကို အိပ်ခန်းဆီသွက်သွက်လှမ်းလိုက်သည်။ မနက်ခင်းလေးမှာ ချစ်ရတဲ့သူမျက်နှာကိုကြည့်ပြီး နေ့သစ်စတင်ချင်တာ သိပ်ချစ်မိတဲ့နောက်ပိုင်း ဆန္ဒရှိလာတဲ့ အရာတစ်ခု။

သို့သော် လက်ယာ ထင်ထားသလို အခန်းထဲမှာ တစ်ဉီးတစ်ယောက်မျှရှိမနေပါ ။ အဲ့ဒီအစား အေးတိအေးစက်အခန်းလွတ်ကသာ လက်ယာကို ဆီးကြို၏ ။

ကုတင်ခြေရင်းမှာ ​သိမ်းထားတဲ့စောင်ခေါက်လေးနဲ့ မွေ့ယာသည် တွန့်ကြေခြင်းမရှိ ပြန့်ပြူးစွာ ။

သေချာအောင် အနားလျှောက်သွားကာ အိပ်ယာခင်းကို လက်နဲ့ထိကြည့်လိုက်သည် ။

တကယ်ကို မနေ့ညက လူတစ်ယောက် ဒီကုတင်ပေါ်မှာအိပ်ခဲ့ပါတယ်လို့ မထင်ရလောက်အောင် မွေ့ယာသည် ပုံမှန်အနေအထား ။

ပြီးတော့ ခေါင်းအုံးသည်လည်း မနေ့ညက ကိုကို နေခဲ့တဲ့အနေအထားအတိုင်း ကုတင်ကိုမှီကာ ထောင်လျက်သား။

" မဟုတ်မှလွဲရော ကိုကို မနေ့က ဒီပေါ်မှာ မအိပ်ခဲ့ဘူးလား "

ယုတ္တိမရှိတဲ့အတွေးကြောင်ကြောင်တွေ တွေးပြီးကာမှ ခေါင်းထဲက အမြန်မောင်းထုတ်လိုက်ရသည် ။ မဖြစ်နိုင်ပါဘူး ၊ကိုကိုက ဘာလို့ အကောင်းအတိုင်းရှိတဲ့ကုတင်ကိုထားပြီး တစ်ခြားနေရာမှာ သွားအိပ်ရမှာလဲ ။

မောင့် အလိုကျ [Completed]Where stories live. Discover now