Part 20

40.8K 2.8K 207
                                    

[ Unicode ]

   
အနည်းဆုံးတော့ သူ့အချစ်တွေထည့်ဖျော်ထားတဲ့ ကော်ဖီခါခါးကို ကိုကိုသောက်သွားခဲ့တယ်မလား။

___________________

" ကဗျာချို! သမီးလုပ်ရပ်တွေကို ရပ်တန်းကရပ်သင့်ပြီ "

အိမ်ပြန်ရောက်ရောက်ချင်း အပေါ်ထပ်ပင်မတက်ရသေး၊ ဧည့်ခန်းမှာ ထိုင်ကာ ဟိန်းဟောက်လိုက်သောဖခင်ကြောင့် အပေါ်တက်လုဆဲဆဲ သူမခြေလှမ်းတို့ကိုပြန်ရုပ်လိုက်ရသည်။ ပြီးတော့ သူမဖခင်နားကို သွားရပ်လိုက်သည်။

" ကဗျာ ဘာတွေလုပ်နေလို့လဲ ဒယ်ဒီ "

သူမမျက်နှာက အအော်ခံရလို့ ဝမ်းနည်းတဲ့ပုံတစ်စက်လေးမှမရှိ။ ခနဲ့တဲ့တဲ့မျက်နှာပေးနှင့် မလေးစားသည့် အမူအယာများသာ အထင်းသား။

" သမီး ဘာတွေလုပ်နေလဲဆိုတာ ဒယ်ဒီ့ထက် သမီးက ပိုသိမှာပေါ့ "

ဖခင်စကားကြောင့် ကွက်ခနဲမျက်နှာပျက်သွားသော်လည်း ခနသာ ။ လက်ကိုင်အိတ်ကိုဝှေ့ကာ ဘေးထိုင်ခုံပေါ်လက်ထောက်၍ ထိုင်တယ်ဆိုရုံလေးထိုင်လိုက်ပြီး...

" လင်းထက်  ဒယ်ဒီ့ကို ပြန်တိုင်ထားတာလား "

" လင်းထက်ပြောမှ ဒယ်ဒီသိမယ်လို့ သမီးကထင်နေတာလား "

အမေးကို အမေးနဲ့တုံ့ပြန်လိုက်တာကြောင့် သူမမျက်နှာမှာ အလိုမကျမှုတွေတရိပ်ရိပ်။

" ဒယ်ဒီ ကဗျာ့နောက်ကို လူထပ်လွှတ်ထားပြန်ပြီလား "

သူမမေးခွန်းကို ဖခင်ကမဖြေပါ ။ သို့သော် ထို့အစား...

" နောက်တစ်ပတ် ဒယ်ဒီရောသမီးရော သြဇီကိုအပြီးပြောင်းရလိမ့်မယ်၊ အသင့်ပြင်ထားပါ "

ပြောပြီးထထွက်သွားတဲ့ ဉီးကာရန်သော် ။ အခုတလောဖခင်ရဲ့ စီးပွားရေးအဆင်မပြေတာကို သူမလည်း အနည်းငယ်တော့ သိထားပါသည်။ စီးပွားပျက်ခါနီးရင် သြဇီကအမျိုးတွေဆီမှာပဲ အခြေချတော့မယ်လို့လည်းပြောဖူးသည်။ ဒါဆို...

" ဟင့်အင်း ကဗျာမလိုက်ဘူး ဒယ်ဒီ၊ ဒယ်ဒီတစ်ယောက်တည်းသွားပါ၊ ကဗျာမလိုက်နိုင်ဘူး "

မောင့် အလိုကျ [Completed]Where stories live. Discover now