Part 19

38.2K 3.1K 233
                                    

[ Unicode ]

   
ရယူလိုချင်လို့ ချစ်မိတာမဟုတ်ပါဘူး
ချစ်လို့ ရယူချင်ခဲ့တာပါ။
________________

တစ်ပတ်။
တစ်ပတ်ဆိုတဲ့အချိန်လေးအတွင်းမှာ ဘာတွေကများ ဘယ်လောက်ထိပြောင်းလဲသွားနိုင်ပါသလဲ ။

ရိပ်ရောင်က တိုက်ခန်းမှာပဲ ဆက်နေဖြစ်သလို လက်ယာကလည်း သုပိုင်ထံမှသာ ရုံးသွားရုံးပြန်လုပ်နေတော့၏။ ရိပ်ရောင်ရှေ့ကို ယောင်လို့တောင် ရောက်မလာခဲ့ ။ ကျန်ခဲ့တဲ့အဝတ်အစားတွေလာယူသွားတာတောင် ရိပ်ရောင်မရှိတဲ့အချိန်ကို လာသွားခြင်းဖြစ်သည် ။ အရင်ကလို နှစ်ယောက်ကြားမှာ ရန်စတွေမရှိတော့ပေမဲ့ အဘယ်က သူတို့ကိုဆုံစည်းဖို့တားဆီးနေကြသနည်း ။ မာနတွေလား၊ ဒါမှမဟုတ် မမြင်နိုင်တဲ့စည်းတွေလား ။

ဘာပဲဖြစ်ဖြစ် မြင်နေကျသူမရှိတော့ တစ်ခုခုတော့လိုနေသလို။
သို့သော် ရိပ်ရောင်ပဲ စိတ်ထင်၍လားမသိ။ Centre သွားတဲ့အချိန်မျိုး ၊ တစ်နေရာရာသွားတဲ့အချိန်မျိုးဆို နောက်ကနေ လူတစ်ယောက်ကြည့်နေသလိုခံစားရသည် ။ ကားမောင်းနေရင်းနဲ့လည်း အမှုမှတ်အမှတ်မဲ့နောက်မှန်ကကြည့်မိတဲ့အခါမျိုးဆို ကားဖြူတစ်စီးကအမြဲတမ်းလိုက်နေသလိုပင် ။

ဒီနေ့တော့ ရိပ်ရောင်တက်ခဲ့တဲ့အထက်တန်းကျောင်းက ဆရာကန်တော့ပွဲကို တက်ဖို့ သူငယ်ချင်းတွေနဲ့အတူတူသွားရမည် ။ ဇေသုတက စိုင်းညိုသွေးနဲ့ အပြင်သွားဖို့ ချိန်းထားသည်ဆိုကာ မလိုက်ဖြစ်။ အခုတလော ဘယ်တုန်းကမှမတည့်တဲ့သူတို့နှစ်ယောက် Bar အတူတူသွားလိုက်၊ clubအတူတူတက်လိုက်နဲ့ အတော်လေးဓာတ်ကျနေကြသည်။

ကျောင်းမှဆုံမည်ဟု ချိန်းထားတာမလို့ အချိန်မီရောက်ရန် စိုင်းပြင်းရသည် ။ မဝတ်ဖြစ်တာကြာပြီဖြစ်တဲ့ စတစ်လည်ကတုံးအင်္ကျီနဲ့ ပုဆိုးအစိမ်းရင့်ကိုတွဲဝတ်လိုက်တော့ သူ့ပုံသည် အနည်းငယ်တော့ လူကြီးဆန်သွားသလိုရှိပါသည် ။

လက်ကောက်ဝတ်ကို ViTy-Perfume အနည်းငယ်စွတ်လိုက်သည်။ ပြီးမှ Hand Phone နဲ့ လက်ကိုင်အိတ်ကိုယူ၍ ထွက်လာခဲ့သည်။ ရိပ်ရောင်မတွေးမိတာကတော့ မောင်သည်လည်း ထိုကျောင်းက အောင်သူ ကျောင်းသားဟောင်းတစ်ယောက်ဆိုတာပါပဲ ။

မောင့် အလိုကျ [Completed]Where stories live. Discover now