Part 14

38.5K 3.1K 193
                                    

[ Unicode ]

လမင်းရယ်သာ
ချစ်ခြင်းရယ် ပြိုင်လို့ကွယ်
ထွန်းလင်းစေသား။

________________

" အကို အခုဘယ်သွားမှာလဲ "

တိုက်အောက်ရောက်ရောက်ချင်း စိုင်းညိုသွေးက ရိပ်ရောင်ကို မေးလာသည်။

" အင်း.. company ကိုပဲသွားမယ်၊ အလုပ်အကြွေးတွေ အများကြီးရှိသေးတာဆိုတော့ "

ပါးစပ်ကလည်းဖြေရင်း၊ ကားတံခါးကိုဆွဲဖွင့်ကာ မောင်းသူနေရာမှာဝင်ထိုင်တော့ စိုင်းလည်း အလိုက်တသိ ဝင်ထိုင်လိုက်၏။

လမ်းတစ်လျှောက်လုံး ဘာစကားမှမပြော။ တိတ်ဆိတ်လို့ ။ ရိပ်ရောင်က အာရုံစိုက်ကာ အရှေ့ကိုပဲကြည့်မောင်းနေသလို စိုင်းကလည်း ဘေးနားကနေမြင်ရတဲ့ မျက်နှာဖြူဖြူလေးကို တမေ့တမောငေးကြည့်နေ၏။

" ငါ အဲ့သလောက်ကြည့်ကောင်းနေလား "

မီးပွိုင့်မိလို့ကားခနရပ်တော့ ရိပ်ရောင်က ခေါင်းငဲ့ကာ ဆိုလာသည်။ ပြီတီတီအပြုံးနဲ့...

" ဒါပေါ့ ၊ အရင်ကရော အခုရော ကျွန်တော့်မျက်စိထဲမှာ အကိုက ကြည့်အကောင်းဆုံး "

ရိပ်ရောင် ခပ်ဟဟရယ်ကာ ပြုံး၏။ သို့သော် သဘောတကျအပြုံးမျိုးမဟုတ် ။ ပြောလည်းမနိုင်မည်မလို့ ဆက်မပြောဘဲ လွှတ်ထားလိုက်သည့် ပုံစံမျိုး ။

" အကို ကျွန်တော့်ကိုဘာမှပြန်မပြောတော့ဘူးလား "

မကျေမနပ် ခပ်တိုးတိုးဆိုမိသော်လည်း နားပါးတဲ့ရိပ်ရောင်က ကြားဖြစ်အောင်ကြားသည်။

" ငါပြောရင်လည်း မင်းက နိုင်အောင် ပြောဉီးမှာပဲလေ "

အင်း...ဒါလည်းဟုတ်တာပဲ၊ အကို ဘာပြောပြော သူက ပြန်ချေပမဲ့အကန်စကားတွေ ရှိနှင့်ပြီးသား၊ ဒါပေမဲ့ လျစ်လျူရှုခြင်းကို မကြိုက်ပါ၊ အကို သူ့ကို တရေးတယူစကားပြောရင်ကို ကျေနပ်နေတာမလို့။

" အကို ကျွန်တော့်ကို ချစ်လား "

အဆက်အစပ်မရှိတဲ့စကားကြောင့် ရိပ်ရောင် မျက်ခုံးတစ်ဖက်ပင့်သွားရသည်။ ဘေးနားကလူကို ငဲ့ကြည့်တော့လည်း အတည်ပြောနေတဲ့ရုပ်နဲ့။

မောင့် အလိုကျ [Completed]Where stories live. Discover now