[ Unicode ]
အဖြေမရှိတဲ့ ပဟေဠိတွေက
ခေါင်းတစ်ခုထဲသုံးပြီးစဉ်းစားရင်
သိပ်ကို ခက်တယ် ။
မင်းနှလုံးသားကြီးနဲ့ ရင်းပြီး
ခံစားတွက်ဖတ်တတ်မှ
ပုစ္ဆာလေးရဲ့ အဖြေမှန်ကို
မင်းရလာလိမ့်မှာ... ။
ကျေးဇူးပြုပြီး
ရင်နဲ့ရင်းလို့ ခံစားပေးပါလားကွယ် ။______________
" မောင်! "
အလန့်တကြားခေါ်သံကြောင့် နောက်ဆုံးရေတစ်ခွက်အမြန်လောင်းပြီး ခါးကိုတဘက်တစ်ထည်ဆွဲပတ်ကာ ပြေးထွက်လာခဲ့သည် ။ ခေါင်းကို ဘယ်ညာရမ်းကာ လက်ယာကိုရှာနေသောသူ ။
" ကိုကို မောင်ဒီမှာ "
လှစ်ခနဲအနားရောက်လာတဲ့ အဖြူကောင်လေးရဲ့ လက်တစ်စုံကခါးကိုတွယ်ဖက်လာသည် ။ ပြီးတော့ ရင်ဘတ်ပေါ်ကိုလာအပ်တဲ့ မျက်နှာလေး ။ အခြေအနေကရုတ်တရက်ဆန်သည်မို့ လက်ယာ ပြန်လည်းမဖက်မိသလို အူကြောင်ကြောင်ဖြင့်သာ ။ အတန်ကြာတော့ ရင်ဘတ်ပေါ်ကစိုစွတ်တဲ့အထိအတွေ့နဲ့အတူ ပုခုံးသားလှုပ်ကာ ရှိုက်သံသဲ့သဲ့ကြားလာရသည် ။ ဟင်! သူငိုနေသလားလေ ..။
" ကိုကို ၊ ငိုနေတာလား ၊ မောင့်ကို မော့ကြည့်ပါဉီး "
မျက်တောင်စတွေမှာလည်း မျက်ရည်ဉလေးတွေခိုလို့ အိပ်ယာထစ မျက်ခွံမို့မို့လေးက ဖောင်းအစ်နေ၏ ။ တုန်တုန်ယင်ယင်ပြောလာတဲ့ စကားက..
" ငါက..ငါက မောင် ထွက်သွားပြီထင်နေတာ "
" မောင်က ဘယ်ကိုထွက်သွားရမှာလဲ ၊ ဒီမှာရှိနေတာပဲကို ၊ မငိုနဲ့တော့နော် "
ထိုအခါမှ အနည်းငယ်ကိုယ်ချင်းခွာပေးလာပြီး မော့ကြည့်၏ ။
" မောင် ခေါင်းလျှော်ထားတာလား ၊ စိုရွှဲနေတာပဲ ၊ လာ ငါသုတ်ပေးမယ် "
ပြောပြောဆိုဆိုပင် တဘက်တစ်ထည်ကိုဆွဲယူကာ ကုတင်ပေါ်မှာ တင်ပါးလွှဲဝင်ထိုင်လိုက်သည်ကြောင့် လက်ယာလည်း ကုတင်အောက်မှာ တင်ပလ္လင်ချိတ်ထိုင်လိုက်သည် ။ စောနက ငိုတာ သူမဟုတ်တဲ့အတိုင်း မျက်နှာလေးက ပြုံးရွှင်နေပြန်၏။
လက်ယာနဲ့ပတ်သက်လာရင် ရိပ်ရောင်ဟာ အငိုသန်၊ အရီသန်လေးပါ ။ ခံစားချက်မျိုးစုံပေးတဲ့ လူသားတစ်ဉီး အနားရှိရင်ပေါ့ ။
YOU ARE READING
မောင့် အလိုကျ [Completed]
Romance[This fiction is written with both Unicode and Zawgyi]