[ Unicode ]
ခင်ဗျားတို့ တွေးဖူးကြလား
ကျုပ်တို့ကို ရယ်အောင်လုပ်ပေးတဲ့
ဂျိုကာလေးတွေကလည်း
မျက်နှာဖုံးနောက်ကွယ်မှာ
အငိုမဲ့မဲ့ဝမ်းနည်းစိတ်တွေရှိမနေဘူးလို့
ဘယ်သူတပ်အပ်ပြောနိုင်မှာတဲ့လဲလေ...။___________________
" ကိုကို ဘယ်သွားမလို့လဲ "
အင်္ကျီ ကြယ်သီးတပ်နေရာမှ ခေါ်သံကြောင့် နောက်လှည့်ကြည့်လာသူ ။
" အော် မောင် နိုးပြီလား၊ ဒီနေ့ ဖွင့်ရက်လေ၊ ငါအလုပ်သွားရမယ် ၊ ခေါင်းမူးနေသေးလား ဘယ်လိုနေသေးလဲ "
ကုတင်နားရောက်လာကာ နဖူးကိုပင် စမ်းကြည့်နေသေးသည် ။
" သောက်တာနည်းနည်းများသွားလို့ပါ၊ ရိုးတိုးရိပ်တိပ်လေးပဲ ၊ မောင် ဘာမှမဖြစ်ဘူး "
" အင်းအင်း စားပွဲပေါ်မှာ သံပုရာရည်ဖျော်ပေးထားခဲ့တယ် ၊ ပြီးရင် သောက်လိုက်ဉီး ၊ လန်းသွားအောင် "
" အင်း သောက်လိုက်မယ် "
စတစ်လက်ရှည်ကိုလက်ခေါက်ဝတ်နေကျ ကိုကိုက ဒီနေ့မှ အပြာနုရောင် အနောက်တိုင်းဝတ်စုံကို အချိုးကျကျဝတ်ထားသည် ။ နက်မှောင်နေတဲ့ ဆံသားပျော့ပျော့တို့က ရေချိုးပြီးကာစမို့ အချောင်းလေးတွေလိုက် ကွဲထွက်ကာ ဘာမှမလိမ်းထားတဲ့မျက်နှာသွယ်သွယ်နဲ့ လိုက်ဖက်စွာ ။
မျက်တောင်ကော့ကော့တွေသည်လည်း မြင်လွှာ အောက်ငုံ့လိုက်တိုင်း ရှည်လျားမဲနက်စွာ လှပနေ၏ ။
" အော် မောင် ငါဒီနေ့နောက်ကျမယ် ၊ ညကျ ပွဲတစ်ခုသွားစရာရှိလို့ "
ငေးမောကြည့်နေရင်းမှ အမေးထူးသူကြောင့် သတိဝင်သည် ။
" ဘယ်ပွဲလဲ ကိုကို "
"JE group က ဉီးစိုင်းလင်း အနားယူပြီလေ ၊ အဲ့ဒါ သူ့သားကိုကုမ္ပဏီလွှဲပေးတာ "
ရိပ်ရောင်က အေးအေးဆေးဆေးပုံမှန်အတိုင်းပြောနေပေမဲ့ လက်ယာမှာတော့ ရိုးတိုးရွတ ။ဉီးစိုင်းလင်းရဲ့ သားဆိုသူနဲ့ဟိုတစ်ခါ ဆိုင်မှာတွေ့ဖူးသည် ။ အဲ့ဒီတုန်းကတည်းက ကိုကို့ကိုကြည့်နေတဲ့အကြည့်တွေကို မကြိုက်တာ ။
YOU ARE READING
မောင့် အလိုကျ [Completed]
Romance[This fiction is written with both Unicode and Zawgyi]