Part 22

45.7K 3K 319
                                    

[ Unicode ]

   
အခုတော့ ဒီစကားလေးကို ပြောပါမယ်။
မြတ်မြတ်နိုးနိုးနဲ့ ရင်ထဲကလာတဲ့စကားလေး။
တစ်ယောက်သောသူအတွက် စကားလေး ။
အဲ့ဒီစကားလေးက...
________________

" ဟုတ်ပြီ အဲ့ဒါဆို မောင်ရင်သွားနှင့်၊ သက်ဆိုင်ရာကိုခေါ်ပြီး ဉီး နောက်ကလိုက်ခဲ့မယ်"

ဖုန်းချပြီးတာနဲ့ ဉီးကာရန်သော် ကိုယ့်ဖုန်းကို မမြင်ဖူးသလို အကြာကြီး စိုက်ကြည့်လိုက်သည် ။ ဘယ်လိုပဲရင့်ကျက်တဲ့လူကြီးတစ်ယောက် ဖြစ်ပါစေဉီးတော့ ကိုယ့်သမီးကိုယ် ရဲလက်အပ်ရမည့်ကိစ္စသည် လွယ်ကူနေတဲ့အရာတော့မဟုတ်ပါ ။

သူလည်းမိဘတစ်ဉီးပေမို့ ကိုယ့်သားသမီးကို အစွမ်းကုန်ချစ်ပါသည်။ သို့သော် သူ အခုဒီလိုမှမလုပ်ရင် သမီးဖြစ်သူက လူစိတ်မရှိတဲ့တိရစ္ဆာန်နီးနီးဖြစ်တော့မည်မလို့။

" လင်းထက်၊ငါလုပ်တာတွေက မှန်ပါတယ်နော် "

ဝေဝေဝါးဝါးဖြစ်နေသော အတွေးတိမ်တွေကြား မှန်သောလမ်းကိုတည့်တည့်လျှောက်မိစေရန် စစ်ကူအလို့ငှာ နောက်နားရပ်နေသော လင်းထက်ကိုလှမ်းမေးလိုက်သည်။

" မှန်ပါတယ် ဆရာ၊ ဆရာလုပ်နေတာတွေက မမလေး ကောင်းဖို့အတွက်ပဲလေ၊ သူ တစ်နေ့ ဆရာ့မေတ္တာတွေကို နားလည်လာမှာပါ "

" အခု သမီးရှိတဲ့နေရာကိုစုံစမ်းထားလိုက်၊ အနားတဝိုက်က ဟိုတယ်တစ်ခုခုမှာပဲ ရှောင်နေလိမ့်မယ်ထင်တယ်၊ ငါ သက်ဆိုင်ရာကိုခေါ်ပြီး ဟိုကောင်လေးနောက်လိုက်ရမယ် "

"ဟုတ်ကဲ့ ဆရာ "

အင်း ...။
နောက်ကျရင် အဖေဘာကြောင့် ဒီလိုမျိုးတွေလုပ်ရလဲဆိုတာ သမီး နားလည်လာမှာပါ။ အဖေ့က်ို ခွင့်လွှတ်ပါ သမီး။

______________

" ဟာကွာ "

ပြောထားတဲ့လိပ်စာက အတော်လေးမြို့အပြင်ဘက်ကျသည်။ လူနေအိမ်တွေပြတ်ကာ သစ်ပင်အုံ့အုံ့တွေနဲ့ တကယ့်ကို တောခေါင်ခေါင်။

လက်ယာ မထွက်ခင် ကိုဇေသုတနဲ့စိုင်းညိုသွေးကို တစ်နာရီလောက်ကြာမှ သူပြန်မရောက်ရင် လိုက်ခဲ့ဖို့အကြောင်းကြားထားသည် ။ သက်ဆိုင်ရာနဲ့ အခုချက်ချင်းလိုက်ခဲ့မယ်ပြောသော်လည်း တစ်ဖက်က လူအင်အားကို မသိကာ ကိုကို့အသက်အန္တရာယ်စိုးရိမ်ရ၍ လက်ယာတစ်ယောက်တည်း အရဲစွန့်လာခြင်း။

မောင့် အလိုကျ [Completed]Where stories live. Discover now