Part 7

41.7K 3.5K 359
                                    

[ Unicode ]

အကြင်သူသည်
မုသားစကားတို့ကို ဆို၏ ။
နှလုံးသားကို လျစ်လျူရှု၍လည်း
စိတ်ထဲမပါသော အမှုတို့ကိုပြု၏ ။
ထိုသူသည်....
တစ်စုံတစ်ယောက်သောသူအတွက်တော့....
နှစ်ယောက်မရှိနိုင်တဲ့
တစ်ပင်နန်းထက်က ရှင် ဘုရင် ငယ် ငယ်.. ။
______________

" အဲ့ဒီတော့ အခု ကိုကဘယ်လိုလုပ်မယ်စဉ်းစားထားလဲ "

ခပ်အေးအေးလေသံနဲ့မေးလိုက်သော်လည်း ကဗျာချို့  စိတ်ထဲမှာပူနေတာကအမှန် ။ ကိုက သူမနဲ့ယှဉ်ပြီး ရိပ်ရောင်မဲ့ဘက်ကို အလေးသာစိတ်ယိုင်သွားရင်ရော ။

" ကိုယ်တို့ တစ်နေရာရာကို ထွက်သွားကြရအောင် ကဗျာ "

" ဘယ်လို? "

" ဟုတ်တယ် ကိုယ်တို့အဝေးကိုထွက်သွားရအောင် ၊ ကိုယ်လည်း အရွယ်ရောက်ပြီးတဲ့ယောကျာ်းသားတစ်ယောက်ပဲ ၊ ကဗျာ့ကို ကိုယ် လုံးဝပြည့်စုံအောင်မလုပ်ပေးနိုင်ရင်တောင် လိုလေသေးမရှိအောင်ထားမှာပါ "

" ခနလေး ကို.. ၊ ကို အခုပြောနေတာတွေကို ကို သိရဲ့လား၊ ရိပ်ရောင်မဲ့နဲ့ လမ်းခွဲလိုက်ရင် ကို့မိဘတွေက ကို့ကိုအမွေပြတ်လို့ပြောထားတာ ကိုမေ့နေပြီလား "

သတိပေးသယောင်စကားဆိုကာ အတန်ငယ်အေးစက်နေပြီဖြစ်တဲ့ လက်ကျန်ကော်ဖီကို သောက်တယ်ဆိုရုံလေး မော့သောက်လိုက်သည် ။ မျက်နှာချင်းဆိုင်က သူကတော့ မျက်မှောင်ကြုပ်ကာ စဉ်းစားနေဆဲ ။ သူမသိတာပေါ့ ။ ကို့ရဲ့အားနည်းချက်က ဘာလဲဆိုတာ ။ မွေးကတည်းက ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့သူ၊ မိဘမေတ္တာအောက်မှာ သက်တောင့်သက်သာ နေလာရတဲ့သားလိမ္မာက  မိဘတွေကိုပစ်ခွာနိုင်မှာတဲ့လား ။

လက်ယာမောင်ဆိုတဲ့လူသားကို သူမချစ်ခဲ့တာ အခွံသက်သက်ချည်းမဟုတ် ။ ဂုဏ်ပုဒ်တွေ ၊ ပကာသနတွေ...။ ဒါတွေ အားလုံးကို ထည့်တွက်ခဲ့ပြီးသား ။ သာမာန်ကုမ္ပဏီပိုင်ရှင်ရဲ့သမီး ကဗျာချိုဆိုတာထက် Toptap company ပိုင်ရှင် ဉီးစိုးမောင်ရဲ့ ချွေးမအဖြစ် ပွဲထွက်ဖို့က သူမရဲ့ရည်ရွယ်ချက် ။

သေချာစဉ်းစားကြည့်ရင် တက္ကသိုလ်မှာ ကို့ကိုစချဉ်းကပ်ခဲ့တာလည်း သူမပင် ။ လက်ထပ်ဖို့အထိတွေးခဲ့ပြီး အရာရာက အဆင်ပြေခဲ့ပါသည် ။ ရိပ်ရောင်မဲ့ဆိုတဲ့သူတစ်ယောက် သူတို့ကြားထဲဝင်မလာခင်အချိန်ထိပေါ့ ။

မောင့် အလိုကျ [Completed]Where stories live. Discover now