[ Unicode ]
သွားချင်တဲ့ဆီကို သွားပါကိုကိို
ဆွဲမထားဘဲ လွှတ်ပေးမှာမလို့
တစ်ခုတော့ကတိပေးပါ ။
ဘယ်ကိုပဲ ထွက်သွားထွက်သွား
အချိန်တန်ရင် ခရီးဆုံးမှာ
မောင့်ရင်ခွင်ကို အရောက်ပြန်လာပေးဖို့ ။___________________
" ဂျောက်... "
မီးခလုတ်ဖွင့်သံနဲ့အတူ မှောင်နေတဲ့အခန်းကို ဝင်လာသည့် လျှပ်စစ်မီးရောင်စူးစူးကြောင့် ဆိုဖာဘေးမှာ ဒူးတုပ်ထိုင်နေတဲ့ လက်ယာ မြင်လွှာတို့ပြာသွားရသည် ။ မျက်လုံးကြွက်သားတို့ကို ကျင့်သားရအောင် ခနလောက်အလုပ်ပေးပြီးမှ မီးဖွင့်လိုက်တဲ့လက်သည်ကို လှမ်းကြည့်လိုက်တော့..
" ဟင်.. ကိုကို! "
အာမေဋိတ်သံထွက်လာပေမဲ့ ရီဝေဝေမျက်လုံးတွေနဲ့ ငေးကြည့်နေရုံမှအပ လက်နှစ်ဖက်ကို ဒူးပေါ်ယှက်ထားမြဲ ။
ပြီးတော့ မျက်လုံးကို မှိတ်ချပစ်လိုက်သည် ။
တစ်စက္ကန့် ... နှစ်စက္ကန့်
မြင်လွှာကိုပြန်ဖွင့်လိုက်သည်။
မြင်နေရတဲ့ပုံရိပ်က ပျောက်မသွားသည့်အပြင် ပိုပြီးထင်ရှားလာသည်။
" ကိုကို... "
ဒီတစ်ခါတော့ မတ်တပ်ရပ်ကာ အနားကို ခြေတစ်လှမ်းချင်းတိုးသွားလိုက်သည်။ ပြီးတော့ ပုခုံးစွန်းနှစ်ဖက်ကိုလက်နဲ့ထိလိုက်၏။
" တကယ်ပဲ ကိုကိုအစစ်လား "
မယုံကြည်နိုင်ခြင်း များစွာနဲ့ မေးခွန်းတွေက ထိုကဲ့သို့ ။ မျက်စိရှေ့က ပုံရိပ်စစ်လေးကို မရှိတော့တဲ့ရက်တွေမှာ မြင်တွေ့နေခဲ့ရတဲ့ ပုံရိပ်ယောင်တွေအဖြစ် ထင်မှတ်မှားနေဆဲပါပဲ ။
အတန်ကြာမှ ဖြူလွလွကိုယ်ငယ်လေးက စကားဆိုလာသည်။
" အင်း ငါပဲ လက်ယာမောင်.. "
တစ်ခါမှမကြားဖူးတဲ့လေသံ၊ တောင့်တင်းနေတဲ့ ကိုယ်ဟန်နဲ့ နှုတ်ခမ်းနှစ်လွှာကြားက ပွင့်အံလာတဲ့စကားတွေက ပတ်သက်မှုမရှိခဲ့ဖူးတဲ့သူတွေလို သူစိမ်းဆန်ဆန် အေးတိအေးစက် ။
YOU ARE READING
မောင့် အလိုကျ [Completed]
Romance[This fiction is written with both Unicode and Zawgyi]